Latest News

Wednesday, March 1, 2017

NCA လမ်းကြောင်းအတိုင်း ရပ်တည်မှုအပေါ် အဖွဲ့ဝင်အားလုံး လိုက်နာရမည်ဟု UNFC ပြော

NCA လမ်းကြောင်းအတိုင်း ရပ်တည်မှုအပေါ် အဖွဲ့ဝင်အားလုံး

လိုက်နာရမည်ဟု UNFC ပြော


တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)လမ်းကြောင်းအ တိုင်း ရပ်တည်မှုအပေါ် အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးလိုက်နာရမည်ဟု လက် နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်း ထားသော ညီညွတ်သောတိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင် စီ (UNFC)အထွေထွေအတွင်းရေး မှူးခူးဦးရယ်က ပြောသည်။

‘‘ကျွန်တော်တို့ရဲ့ လက်ရှိဒီ နေ့အထိ ရပ်တည်ချက်က NCA လမ်းကြောင်းပဲ။ ကျွန်တော်တို့ရဲ့  NCA လမ်းကြောင်းက ဘယ်အ ပေါ်မှာ အခြေခံသလဲဆိုတော့ ကျွန်တော်တို့ရဲ့ အဆိုပြုချက် ရှစ် ချက်အပေါ် အခြေခံပါတယ်။ ဒီ အတိုင်းပဲ ရပ်တည်ဆဲဖြစ်ပါ တယ်။ တစ်စုံတစ်ရာ ကျွန်တော်တို့ အစည်းအဝေးထိုင်ပြီးတော့ ဆုံး ဖြတ်ချက်အပြောင်းအလဲမရှိမ ချင်း ကျွန်တော်တို့ အဖွဲ့ဝင်အား လုံးရဲ့ ရပ်တည်ချက်က ဒီအတိုင်း ပဲရှိပါတယ်။ ဒါက အဖွဲ့ဝင်တိုင်း က လိုက်နာရမယ့် ဆုံးဖြတ်ချက် လည်းဖြစ်ပါတယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ ပါဝင်ဆောင်ရွက် နေဆဲပဲဖြစ်ပါတယ်။ ဒါက ကျွန် တော်တို့ UNFCရဲ့ ရပ်တည်ချက် ပါပဲ’’ဟု UNFC ၏ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ် စားလှယ်အဖွဲ့ (DPN) ခေါင်း ဆောင်လည်းဖြစ်သော ခူးဦးရယ် က ပြောသည်။



7Day News Journal

No comments:

Post a Comment