Latest News

Wednesday, March 1, 2017

ပြင်သစ်သမ္မတရွေးကောက်ပွဲတွင် အိုဘားမား ၀င်ရောက် ယှဉ်ပြိုင်ရန် လူလေးသောင်းကျော် ထောက်ခံ

ပြင်သစ်သမ္မတရွေးကောက်ပွဲတွင် အိုဘားမား ၀င်ရောက် ယှဉ်ပြိုင်ရန်

လူလေးသောင်းကျော် ထောက်ခံ



အွန်လိုင်းအသနားခံစာတစ် စောင်တွင် အမေရိကန်သမ္မတ ဟောင်း ဘားရက်အိုဘားမားအား ပြင်သစ်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် တိုက်တွန်းထား ရာ ထောက်ခံသူ ၄၂,၀၀၀ ကျော် ရှိခဲ့သည်။

အိုဘားမား၏ ကျော်ကြား သည့် ၂၀၀၈ ရွေးကောက်ပွဲ ကမ် ပိန်းဆောင်ပုဒ်ဖြစ်သည့် ‘‘Yes, we can’’ ကျွန်တော်တို့ လုပ်နိုင် သည်ဟု ရေးသားထားသော ကမ် ပိန်းပိုစတာများ ပါရီမြို့ဝန်းကျင် တွင် ထွက်ပေါ်လာခဲ့သည်။

သို့သော် အိုဘားမားသည် ပြင်သစ်နိုင်ငံသား မဟုတ်သဖြင့် ပြင်သစ်သမ္မတ ရွေးကောက်ပွဲ ၀င်နိုင်မည်မဟုတ်ပေ။

 ထိုသို့ နောက်ပြောင်မှု နောက်ကွယ်တွင် ပြင်သစ် ရွေး ကောက်ပွဲဝင် ကိုယ်စားလှယ် လောင်းများအနေဖြင့် ဆွဲဆောင် နိုင်စွမ်းနည်းပါးမှုကို မီးမောင်း ထိုးပြနေခြင်းဖြစ်သည်။

ရွေးကောက်ပွဲဝင် ကိုယ်စား လှယ်လောင်းများအနေဖြင့် ပြည် သူများအား အိပ်မက်များ ဖန်တီး မပေးနိုင်ကြောင်း ထိုကမ်ပိန်း စီ စဉ်သူတစ်ဦးက ဘီဘီစီသတင်း ဌာနအား ပြောသည်။

ဧပြီ ၂၃ ရက်တွင် ပြင်သစ် နိုင်ငံ၌ ရွေးကောက်ပွဲ စတင်မည် ဖြစ်သည်။

လက်ရှိ လူထုသဘောထား ခံယူချက်အရ National Front ပါတီဥက္ကဋ္ဌ မာရင်းလီပင်းက အ ခြားရွေးကောက်ပွဲကိုယ်စားလှယ် များထက် ရာခိုင်နှုန်းအနည်းငယ် သာလွန်ဦးဆောင်လျက်ရှိသည်။

‘‘ကျွန်တော်တို့က နိုင်ငံရေး ဆန့်ကျင်သူတွေပါ။ ကျွန်တော်တို့ အနေနဲ့ ဘယ်ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းကိုမှ ဆန့် ကျင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ ထောက်ခံသူလည်း မ ဟုတ်ဘူး’’ဟု ကမ်ပိန်းစီစဉ်သူ တစ်ဦးက ပြောသည်။

—Ref: BBC

7Day News Journal

No comments:

Post a Comment