Latest News

Tuesday, March 14, 2017

ပရိသတ်များနဲ့တွေ့ဆုံခဲ့တဲ့ Myanmar Idol ပြိုင်ပွဲဝင်သုံးယောက်

ပရိသတ်များနဲ့တွေ့ဆုံခဲ့တဲ့ Myanmar Idol ပြိုင်ပွဲဝင်သုံးယောက်

Myanmar Idol Season 2 Top 3 ထိ ပါဝင်ခဲ့တဲ့ သားငယ်၊ ပိုးမီ၊ ဘီလီလမင်းအေးတို့ ဖြစ်ပါတယ်။

Myanmar Idol Season 2 ရဲ့ နောက်ဆုံး ကျန်ခဲ့တဲ့ Top 3 သုံးယောက်ကတော့ မတ်လ(၁၄)ရက်နေ့က ပရိသတ်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ သားငယ်၊ ပိုးမီ၊ ဘီလီလမင်းအေးတို့ဟာ MNTV ရဲ့ စီစဉ်မှုနဲ့အတူ ကန်တော်ကြီး မျှော်စင်ကျွန်းမှာပရိသတ်များနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

 "Meet the FANS"လို့ နာမည်ပေးထားတဲ့ အဲ့ဒီပွဲကတော့ ပရိသတ်များအနေနဲ့ ကိုယ်ချစ်တဲ့ ပြိုင်ပွဲဝင်များနဲ့ တွေ့ခွင့်ရခဲ့သလို  ပြိုင်ပွဲဝင်သုံးယောက်ရဲ့ သီဆိုဖျော်ဖြေမှုများနဲ့ ပျော်ရွှင်စရာ ကောင်းခဲ့တဲ့ တွေ့ဆုံမှုလေး တစ်ခုဖြစ်ခဲ့ပါတယ်။


Myanmar Idol Season 2 ရဲ့ ယှဉ်ပြိုင်မှုကတော့ မကြာခင်ရက်ပိုင်းမှာ ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ Myanmar Idol Season 2မှာနောက်ဆုံးကျန်ရှိခဲ့တဲ့ သားငယ်၊ ပိုးမီ၊ဘီလီလမင်းအေးတို့ထဲကမှ ဘယ်သူက Myanmar Idol Season 2ရဲ့ Winner ဖြစ်မလဲဆိုတာကတော့ ပရိသတ်တွေရင်ခုန်နေကြပါတယ်။
 Myanmar Idol Season 2 ပြိုင်ပွဲကတော့ ဝေဖန်မှုတွေ များစွာရှိခဲ့သလို ပရိသတ်တွေရဲ့  စိတ်ဝင်စားခြင်းကို အများဆုံးခံရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။


Photo  : Myanmar Idol Facebook page

Duwun

No comments:

Post a Comment