Myanmar Idol တွင် ဝင်ရောက်ယှဉ်ပြိုင်နေသော အဆိုတော် သားငယ်အတွက် အမှတ်တရ ဂရတ်ဖတီရေးဆွဲ
ပြင်ဦးလွင် - မန္တလေး အဆင်းလမ်း ၂၁ မိုင်ကျေးရွာ ဒေါ်စန်းစန်းရီဆိုင်ရှေ့၊ အဆိုတော်သားငယ်၏ နေအိမ်တွင် မတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီမှ စတင်ကာ Myanmar Idol တွင် ဝင်ရောက်ယှဉ်ပြိုင်နေသော အဆိုတော် သားငယ်အတွက် MC Prince မှ အမှတ်တရ ပုံတူဂရတ်ဖတီ ရေးဆွဲဂုဏ်ပြုခဲ့သည်။
"ဒီနေ့ဆွဲဖြစ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကိုသားငယ်ကို အားပေးတဲ့အနေနဲ့ ဆွဲဖြစ်ပါတယ်။ ဖုန်းထဲကနေ Vote ပေးရုံတင်မကပဲ ကျွန်တော်တတ်တဲ့ အနုပညာနဲ့ အခုလို သူ့အိမ်အထိ လာရောက်ပြီး ရေးဆွဲဖြစ်တာပါ။ သူ Winner ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ဒီနေ့ည ယှဉ်ပြိုင်မှုမှာ အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ သူသီချင်းဆိုပုံနဲ့ သူ့အသံကို ကြိုက်နှစ်သက်တဲ့အတွက် အခုလို လာရောက်ရေးဆွဲ ပေးခဲ့တာပါ" ဟု ဂရတ်ဖတီ ပညာရှင် MC Prince ကပြောသည်။
အဆိုတော်သားငယ်၏ ပုံတူဂရတ်ဖတီကို ၄င်း၏အိမ်ရှေ့တွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ရေးဆွဲခဲ့ကြောင်း၊ အဖြူ၊ အမည်း၊ အနီနှင့် အဝါရောင်များကိုသာ အသုံးပြုထားကြောင်း၊ ယနေ့ည Myanmar Idol ပြိုင်ပွဲကို ည ၁၀ နာရီတွင် စတင်ကျင်းပမည်ဖြစ်ကြောင်း၊ Myanmar Idol Season 2 သီချင်းပြိုင်ပွဲ အစီအစဉ်ကို ၂၀၁၆ ခုနှစ်အတွင်းက စတင်ကျင်းပခဲ့ကြောင်း၊ အပတ်စဉ် တစ်ပတ်လျှင် တစ်ဦးနှုန်းဖြင့် ပရိသတ်များပေးသော Voting အနည်းအများအပေါ် မူတည်ကာ ဆုံးဖြတ်လျက်ရှိကြောင်း ယခုအခါပြိုင်ပွဲဝင် ၅ ယောက်သာ ကျန်ရှိတော့ကြောင်း၊ အပတ်စဉ် သီချင်းအမျိုးအစား များစွာကို ယှဉ်ပြိုင်လျက်ရှိကြောင်း၊ Volting အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
သီရိ
Eleven Media Group
Thursday, March 2, 2017
Myanmar Idol တွင် ဝင်ရောက်ယှဉ်ပြိုင်နေသော အဆိုတော် သားငယ်အတွက် အမှတ်တရ ဂရတ်ဖတီရေးဆွဲ
Myanmar Idol တွင် ဝင်ရောက်ယှဉ်ပြိုင်နေသော အဆိုတော် သားငယ်အတွက် အမှတ်တရ ဂရတ်ဖတီရေးဆွဲ
Reviewed by Ar Ti
on
6:56 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment