မြန်မာ idol အား စဆရက ဝင် လုပ်ခြင်း (၄)
သားငယ်. ဝေလ၏ မိတ်ကပ်မကြိုက်သောသီချင်းများကို ရွေးချယ်သွားတာတွေ့ရပါတယ်. .
အင်မတန်တိကျပြီးဇိမ်ရှိ အောင်ဆိုသွား နိုင် တာကိုတွေ့ရပါတယ်. . အသံအားပြည့်စွာ နဲ့. ဝေလရဲ့မူရင်းကိုမပျက်အောင် ဆိုနိုင်တဲ့အပြင်. . ကိုယ်ပိုင်ဟန်လေးတစ်ခုရသွားတာကိုလည်း တွေ့ လိုက် ရပါတယ်. .
ဝေလရဲ့မူရင်း အသံက ယောင်ယောင်လေးစူးနေတဲ့အတွက်ကြောင့် ပထမဆုံးအကြိမ် စာသားကို လိုက်နားထောင်နေချိန်မှာ စာသားကြားရဖို့အတွက် အနည်းငယ် ခက်ခဲသလိုဖြစ်ခဲ့ဖူးပေမယ့်. . အခုလိုသားငယ် ရဲ့ အသံလုံးကြီးကြီး. သံရှိန်ပြင်းပြင်း ပီပီသသ နဲ့ နားထောင်လိုက်ရချိန်မှာ. ရှင်းလင်းတဲ့ စာသားအရသာကိုပိုရစေခဲ့တယ်လို့ ချီးကျူးလိုက်ပါရစေခင်ဗျား . . တကယ့်ကို
ပါရမီပါလာတဲ့ ဝတုတ်လေးပါဗျို့😃😃😃😃
ဘီလီလမင်းအေး. . တကယ်ဆိုအချစ်ဘဲလိုတယ် သီချင်းကို ရွေးချယ် သွားတာတွေ့ ရပါတယ်..
အင်မတန်ချိုသောအသံလေးဟာ. အဝင်နားမှာတင်. ဘား ခွချင်သလိုလေး သုံးခါလောက် ဖြစ်သွားတာတွေ့ လိုက်ရလို့အတော်ထိတ်သွားမိပါတယ် .. နောက်ပိုင်းမှာ တော့ပြန်တည့်သွားတာတွေ့ရပါတယ်. .
သူ့ရဲ့ စိတ်လှူပ်ရှားမူ့ကြောင့်ဖြစ်နိုင်ပါတယ်. .သို့ပေမယ့်. သီချင်းကိုရပ်လိုက်တဲ့ . . Rest ကနေပြန်စ ဆိုတဲ့ အချိန်မှာ မောင်ရယ် လို့ ပြောလိုက်တဲ့စကားသံ ဟာ. ကျွန်တော့ ရင်ထဲအထိတုန်လှူပ်သွားစေလောက်သည်အထိ mood ပြင်းထန်ကြောင်း ဝန်ခံလိုက်ပါရစေ.
အင်မတန် အရသာရှိပါပေတယ်. . (ငိငိ..နည်းနည်းတော့များသွားတယ်. . ဟီးဟီး)
နောက်ဆုံးအဆုံးသတ်မှာ. . ထွင်ပြီးမိုင်နာ ကော့ကလေးနဲ့ ဆိုရင်း အဆုံးသတ်လိုက်တာဟာ. လဲ. သီချင်းကို . အင်မတန်အရသာရှိသွားစေတာတွေ့ရပါတယ်. .
ဟီးဟီး. ဒီသူငယ်မလေးကြည့်ရတာ အန်ကယ်မြိုင့်စာကို ဖတ်ထားပုံရသဗျ . 😃😃😃😃 . . အင်တာဗျူး မှာ ရယ်ရယ်မောမောလေးပြော သွားတာတွေ့ရပြီး.. သူ့ကို ကီးမမြင့် ဘူးလို့ ပြောလိုက်လို့. ဒီသီချင်းကိုများ ရွေးပြီးဆိုပြလိုက်သလားတောင် ထင်မိပါတယ်. .
ဒီနေ့မှာတော့ သူ့ရဲ့အသံကြည်လေးကို crack ကလေးနည်းနည်း ထည့်ပြီး high note ကလေးတွေကို ဆိုပြသွား တာကိုးဗျ. .
ဆားနည်းနည်းလေးပေါ့သလိုဖြစ်သွားပေမယ့်. ကြည့်လို့ကောင်း. နားထောင်လို့ကောင်း လွန်း လှပါသဗျား.
ရဲနောင်.
ဟန်ထွန်းရဲ့. အရင်ကဇာတ်လမ်းလေး ကို ရွေးချယ်သွားတာတွေ့ ရပါတယ်.
ပထမဆုံး အပိုဒ်မှာတင် နည်းနည်းလေး.ယိုင်ပြီး ဝင်လာတာတွေ့ရပါတယ်.အင်မတန် ရှင်းလင်း တဲ့ သံစဉ်ဖြစ်နေ တဲ့အတွက်သူ့ရဲ့ ယိုင်ခြင်းလေးတွေက သိသာ ထင်ရှားနေပါတော့တယ်. . သီချင်းဟာ. . နားထောင်သူ ရဲ့ရင်ထဲကိုမရောက်လာတော့ပါ. . နောက်ဆုံးနား ကအရင်ကဇာတ်လမ်းလေးဆိုတဲ့အချိန်မှာ. ဇာတ် ဆိုတဲ့ စာလုံးက တိမ်ပြီး နောက်အတွဲတွေပါ သိသာလောက်အောင်ကို ယိုင်ထိုးထိုးဖြစ်သွားတာတွေ့ရပါတယ်. .
သီချင်းဆိုရင်း သရုပ်ဆောင် မူ့ကိုတော့ တကယ် လက်ခံမိပါတယ်. .
ဘဘသိန်းကလဲ ရဲနောင်ကိုကစ်တာ က ဆက်တိုက်ဖြစ်နေတော့ ဆဲသံတွေကြောက်လို့ထင်ပါ့. . ဟုတ်လဲမဟုတ်ဘဲနဲ့ သံဓာတ်ပါတယ် ဆိုပြီး ကြပ်ပေး သွား တာတွေ့ရပါတယ် 😃😃😃😃. .
တကယ်တန်းဒီနေ့က ရဲနောင်ဂွမ်းတယ်လို့တောင်ပြောလို့ရတဲ့နေ့ပါ. . ထွက်ရမှာ ကြောက်နေတဲ့စိတ်ဖိစီးမှူ့တွေဟာလဲ ဒီကလေးတွေရဲ့ သီချင်းဆို ခြင်းကို. ပရက်ရှာ ရနေစေတယ်ထင်ပါရဲ့ဗျာ. . သနားစရာတော့ကောင်းသဗျို့. . ကံကောင်းပါစေ မောင်ရဲ့နောင် လို့သာဆုတောင်းပေးလိုက်ပါရစေတော့ခင်ဗျား
မိုင်းမိုင်စံ. . ထူးအယ်လင်းရဲ့
အချစ်လို့ခေါ်သလား ကိုဆိုသွားတာတွေ့ရပါတယ်. . အစပိုင်း vesrse ၂ခု မှာ သူ့ရဲ့ အသံ ကြီးကြီး နဲ့အတူ ချစ်စရာကောင်းလွန်းတဲ့စာသား လေးတွေနဲ့
နားဆင်နေသူတွေရဲ့နှလုံးသားကို ဆုပ်ကိုင်လိုက်နိုင်ပါတယ် သို့သော် ပရီchorus က စပြီး နူတ်ယိုင်မူ့လေးတစ်ခု စ တွေ့ရပါတော့တယ်. . Chorus ကိုရောက် ချိန်မှာတော့ နူတ်ယိုင်မူ့လေးတွေဟာပိုပြီး စိပ် လာ တာတွေ့ရပါတယ်. .
ကိုယ်ပေးတော် လဲ ပေးတိုင်းပြန်မရတာ . . ကုန်လွန်ခဲ့တော.
နားလည်တွား. ဒီလို သ နဲ့ တ လွဲနေတဲ့ အသံထွက်ကို ချစ်စရာ့ တိုင်းရင်းသူလေးမို့ ခွင့်လွှတ် နားလည်ပေးနိုင်ခဲ့ပေမယ်.
အဆုံးသတ်နားက အသံချ အဆုံးသတ်က ကိုယ်ပေးသော်လဲ ပေးတိုင်းပြန်မရတာ အချစ်လို့ခေါ်သလားဆိုလိုက်တဲ့ တချက်က အသံ တိမ်ပြီး အတော်ဂွမ်းသွားတာတွေ့ရပါတယ်. Pitch ယိုင်မူ့တွေများလွန်းနေတဲ့အပြင်. သီချင်းဆုံးသွားတဲ့အခါမှာ သူပေးတဲ့ မက်ဆေ့ရှ် ကို ကျွန်တော် မရလိုက် တော့တာတွေ့ရပါတယ်ခင်ဗျ. .
အဲ. သရုပ်ဆောင်မူ့. အပိုင်းမှာတော့ သူ့ရဲ့ မျက်နှာပေး.နဲ့ .အလင်းအမှောင် ဆက်တင် တွေ ရဲ့ ပံ့ပိုးမူတွေ့ ကြားထဲမှာ. သူဟာ. မင်းသမိးလေး တစ်ယောက်လိုသရုပ်ဆောင်သွားနိုင်တာကိုတော့.ရင်ထဲက အံဘြ စွာ ခံစားလိုက်ရမိကြောင်း ဝန်ခံ လိုက်ပါရစေခင်ဗျား . .
ပိုးမီ. . မဆုံသောလမ်း. ကိုရွေးချယ်ထားတာတွေ့ရပါတယ်. .
ဂစ်ကို ကိုယ်တိုင် တီးပြီး စဆိုချိန်မှာ အတော် အရသာရှိပြီး အတော်ကောင်းခဲ့ပေမယ့်
ဒို့ရွေးခဲ့တဲ့အချစ် အပိုဒ်နောက် က စပြီး အသံ ကစား ဖို့ကြိုးစားရင်း နူတ်တွေ ယိုင်ထိုးထိုးဖြစ်ကုန်တာတွေ့ရပါတယ်ခင်ဗျား. .
Solo. မှာ လိုက်ငြီးနေ တဲ့နူတ်တွေက လဲ အပြင်ကိုမထွက်ရုံတမယ် အတော်ဆိုးနေတာတွေ့ရပါတယ်ခင်ဗျ. . အဆိုးဆုံးကတော့. နောက်ဆုံးအဆုံးသတ် အပိုဒ် ပါဘဲ.
အတော်ဂွမ်းသွားပါတယ် ခင်ဗျား. .
ဒိုင်၃ဦးစလုံးကတော့ ခရီရေးရှင်းဆိုပြီး ဝိုင်းကြပ်ပေးနေကြပေမယ့် အီစကိုယ့် အနေ နဲ့ ကတော့ ဂွမ်းသွားတယ်လို့ဘဲယူဆမိပါတယ်. .
ကိုင်း. . ဒီညတော့ဂလောက်ဖဲ ဗျို့ တော်သေးပြီ
စဆရက
အန်ကယ်မြိုင်
Aung Myaing Thin
Thursday, March 2, 2017
မြန်မာ idol အား စဆရက ဝင် လုပ်ခြင်း (၄)
မြန်မာ idol အား စဆရက ဝင် လုပ်ခြင်း (၄)
Reviewed by Ar Ti
on
9:59 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment