Latest News

Tuesday, March 7, 2017

မြောက်ကိုးရီးယား နျူးကလီးယား ဒုံးလက်နက် စမ်းသပ်မှု ကင်-ဂျုံအန်း ကိုယ်တိုင် ကြီးကြပ်ခဲ့ကြောင်း KCNA-ကြေငြာ။

မြောက်ကိုးရီးယား နျူးကလီးယား ဒုံးလက်နက် စမ်းသပ်မှု ကင်-ဂျုံအန်း ကိုယ်တိုင် ကြီးကြပ်ခဲ့ကြောင်း KCNA-ကြေငြာ။

မတ်လ-၆ ရက် တနင်္လာနေ့ကလုပ်ခဲ့တဲ့ မြောက်ကိုရီးယား ဒုံးကျည် ၄ စင်း စမ်းသပ်ပစ်လွှတ်မှုကို သမတ-ကင်ဂျုံအန်း-ကိုယ်တိုင် အနီးကပ်ကြီးကြပ်ခဲ့ပြီး စမ်းသပ်မှု အောင်မြင်တယ်လို့ မြောက်ကိုရီးယားအစိုးရက အင်္ဂါနေ့ ကပြောဆိုပါတယ်။

 ဒီဒုံးကျည်ပစ်လွှတ်မှုဟာ ဂျပန်မှာတပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ပစ်ခတ်ဖို့ရည်ရွယ်တဲ့ စမ်းသပ်မှုလို့ မြောက်ကိုရီးယားအစိုးရပိုင် သတင်းဌာန- KCNA က ပြောပါတယ်။

ဒုံးကျည် ၄ -စင်းကို နိုင်ငံအနောက်မြောက်ပိုင်း တရုတ်နယ်စပ်အနီးရှိ ဒုံးပျံလွှတ်တင်ရေးစခန်းကနေ ပစ်လွှတ်ခဲ့ပြီး မိုင် ၆၀၀ ကျော် အရောက်မှာ ၃-စင်းက ဂျပန်ရေပိုင်နက် အထူးစီးပွားရေးဇုံထဲ ကျရောက်ခဲ့ပါတယ်။

ဒီဒုံးကျည်ပစ်လွှတ်မှုဟာ ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာ စတင်တဲ့ အမေရိကန်-တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုန့်ပြန်ပစ်ခတ်ပုံရတယ်လို့လည်း အကဲခတ်တွေက သုံးသပ်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုတွေကို လုပ်နေတဲ့ ရန်သူတွေ၊ ကိုရီးယားကျန်းဆွယ်မှာ နူးကလီးယားစစ်ဖြစ်အောင် သွေးထိုးနေတဲ့ ရန်သူတွေကို မြောက်ကိုရီးယားတပ်ဖွဲ့တွေက အကြီးအကျယ်တိုက်ခိုက်ချင်နေကြတယ်လို့လည်း  KCNA-က ထုတ်လွှင်ေ့ကြငြာခဲ့ပါတယ်။

 ဒုံးကျည်ပစ်ခတ်မှုတွေ ပိုမိုတိကျအောင် ဆက်လက်ကြိုးစားဖို့နဲ့ အရည်အသွေးရော၊ အရည်အတွက်ပါ တိုးမြှင့်ထုတ်လုပ်ဖို့  မြောက်ကိုရီးယားစစ်အရာရှိကြီးတွေကို ခေါင်းဆောင် ကင်ဂျုံအန်းက ညွန်ကြားခဲ့ကြောင်းလည်း  KCNA-ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

ဓါတ်ပုံ-ရိုက်တာ

Aye Aye Mon

No comments:

Post a Comment