Latest News

Thursday, March 9, 2017

ရဲနောင်ကိုသူ့ရဲ့ အမာခံပရိတ်သတ်တစ်ယောက်က iphone 6s လက်ဆောင်ပေး

ရဲနောင်ကိုသူ့ရဲ့ အမာခံပရိတ်သတ်တစ်ယောက်က iphone 6s လက်ဆောင်ပေး

ရန်ကုန်-မတ်၉။ မြန်မာအိုင်ဒေါမှာပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ရဲနောင်ကို သူရဲ့အမာခံပရိတ်သတ်တစ်ဦးကiphone 6လက်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

“အမကမူဆယ်မှာနေတာဆိုတော့သွားပေးဖို့တော့ခက်ခဲတယ်ဆိုတော့ဦးလေးတွေအဒေါ်တွေကိုသွားပေးခိုင်းခဲ့တာပြီးတော့ဖုန်းဆိုင်ဖွင့်ထားတာဆိုတော့သူ့ကိုအားပေးတဲ့အနေနဲ့လက်ဆောင်ပေးခဲ့တာပါ။

သူပြိုင်ပွဲတစ်လျှောက်လုံးစိတ်ပင်ပန်းခဲ့တာတွေအတွက်ရောအားပေးတဲ့အနေနဲ့ပေးခဲ့တာပါ။ရှေ့ဆက်ပြီးတော့အနုပညာအလုပ်တွေကိုလဲအဆင်ပြေပြေနဲ့လုပ်နိုင်မှာပါ”လို့ရဲနောင်ရဲ့အမာခံပရိတ်သတ်တစ်ဦးဖြစ်သူမ၀င့်စန္ဒီထွန်း ကပြောပါတယ်။

အခုယှဉ်ပြိုင်မဲ့အိုင်ဒေါtop 4ပြိုင်ပွဲမှာpantene wild cardနဲ့တစ်ဦးပြန်လာရမယ်ဆိုရင်လဲရဲနောင်ကိုပြန်လည်မပါဝင်စေချင်တော့ဘူးလို့သိရပါတယ်။ရဲနောင်ထွက်သွားတုန်းကလဲအလှည့်အပြောင်းတွေကြောင့် ထွက်သွားတာဖြစ်နိုင်တယ်လို့သူအမြင်ကိုပြောခဲ့ပါတယ်။အခုယှဉ်ပြိုင်နေတဲ့ပွဲစဉ်ကပထမပွဲစဉ်လောက်မကောင်းသလို အိမ်မက်ဆုံရာလောက်လဲမကောင်းတာကိုခံစားရတာကြောင့်သိပ်မကြည့်ဖြစ်ပေမဲ့ရဲနောင်ကိုဝိုင်း ပြီးနှိမ်တာကြောင့် ပိုပြီးအားပေးဖြစ်ခဲ့တယ်လို့သိရပါတယ်။

 ရဲနောင်ကိုiphone 6sလက်ဆောင်ပေးခဲ့သူကမူဆယ်မှာနေတာဖြစ်ပြီးသူ့ဦးလေးနဲ့အဒေါ်ကိုတဆင့်သွားရောက်ပေးခိုင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ပြန်လည်ပါဝင်လာမယ်ဆိုရင်လဲစိတ်ပင်ပန်းမှုတွေအများကြီး ရှိနိုင်တာကြောင့် မပါဝင်စေချင်တာဖြစ်တယ်လို့သိရပါတယ်။ရဲနောင်မှာရှိတဲ့စိတ်ဓာတ်တွေ၊ရိုးသားမှူတွေကြောင့်ပြို့ပီးအားပေးဖြစ်မှာဖြစ်တယ်လို့သိရပါတယ်။

Author လိမ္မာ

Kumudra

No comments:

Post a Comment