Latest News

Thursday, March 9, 2017

အသွက်ချင်းတွေ့တဲ့ ငါ့အကယ်ဒမီ ပရိသတ်ကြိုက်မယ်ထင်ပါတယ်လို့ မခိုင်လေးဆို

အသွက်ချင်းတွေ့တဲ့ ငါ့အကယ်ဒမီ ပရိသတ်ကြိုက်မယ်ထင်ပါတယ်လို့ မခိုင်လေးဆို

ရန်ကုန်၊ မတ် ၈ - အသွက်အသွက်ချင်းတွေ့ခဲ့တဲ့ ငါ့အကယ်ဒမီရုပ်ရှင်ဇာတ်ကားမှာမင်းသမီးနှစ်လက် အပေးအယူမျှခဲ့လို့ ပရိသတ်တွေ ကြိုက်နှစ်သက်လိမ့်မယ်ထင်ပါတယ်လို့ အကယ်ဒမီ ခိုင်သင်းကြည် က ပြောပါတယ်။

မကြာခင် ရုံတင်ပြသတော့မယ့် ငါ့အကယ်ဒမီရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းသမီးအငယ် ရွှေမှုံရတီနဲ့ အပြိုင် သရုပ်ဆောင်ခဲ့တဲ့ အကယ်ဒမီ ခိုင်သင်းကြည်က ဒီကားလေးကတော့ မခိုင်တို့ရုပ်ရှင်လောကအ ကြောင်းလေးတွေနဲ့ ရယ်စရာလေးတွေကိုရိုက်ကူးထားတာပါ၊ ရွှေမှုံ နဲ့ဆိုတော့ ဘာပဲပြောပြောအတွဲ ညီတယ်လေ၊ အဲဒီအခါကျတော့ ပရိသတ်တွေလဲအရမ်းကိုသဘောကျမယ့်ကားလေးပါ၊ အကုန်လုံးတော့ အဆင်ပြေအောင် ရိုက်ထားပါတယ်လို့ဆိုပါတယ်။

အသွက်အသွက်ချင်းတွေ့တဲ့အတွက်သိပ်ပြီး ညှိစရာမလိုဘဲအဆင်ပြေတယ်လို့လည်းဆိုပါတယ်။ ဒီမှာက မင်းသမီးနှစ်ယောက်က အတွဲလဲညီတယ်၊ ရွှေမှုံဆိုလဲမင်းသမီးငယ်တွေထဲမှာဆိုရင် မခိုင်လိုပဲ အသွက်လိုင်းကို သူက ယူထားတဲ့အခါကျတော့ မခိုင်ကျတော့လဲ အကြီးဘက်မှာ အသွက်လိုင်းလေ၊ သူကလဲ အငယ်ဘက်မှာအသွက်လိုင်းဆိုတော့ အသွက်အသွက်ချင်းတွေ့တဲ့အခါကျတော့ သိပ်ပြီး တော်ရုံတန်ရုံတော့ ညှိစရာမလိုဘဲနဲ့ အဆင်ပြေ တယ်ပေါ့နော်၊ ရိုက်တဲ့အခါမှာလဲ အပေးအယူလဲမျှတယ်၊ နောက်ရုပ်ရှင်ကားကြီးတစ်ကားအနေနဲ့ ထုတ်လုပ်ရေးပိုင်းကလဲ တကယ့်ကိုအမျိုးသားကဇာတ်ရုံတွေ ဘာတွေငှားပြီးတော့ အကုန်အကျခံပြီး ရိုက်ထားတော့ ပရိသတ်ကအရမ်းကြိုက်မှာပါ၊ အခုအွန်လိုင်းမှာလဲ အရမ်းကိုဝင်ကြည့်နေကြတယ်၊ အဲဒီအတွက်လဲ ဘာပဲပြောပြော ပီတိဖြစ်ပါတယ်၊ အရမ်းကိုလဲဝမ်းသာပါတယ်၊ ဖေ့စ်ဘုတ်ခ်ရွာတုန်းကလဲ ပရိသတ်တွေ အရမ်းကြိုက်ကြတယ်၊ အခု ငါ့အကယ်ဒမီကားလဲ ဖေ့စ်ဘုတ်ခ်ရွာနီးနီးလောက်သွားမယ်ထင်ပါတယ်လို့ အကယ်ဒမီ ခိုင်သင်းကြည် က ပြောပါတယ်။ မခိုင်လေးရဲ့ ယခုနှစ်အတွက် အကယ်ဒမီပွဲတက်ဝတ်စုံကိုတော့ ဒီဇိုင်နာ မပုံ့ကတာဝန်ယူချုပ်လုပ်နေ ပေးတယ်လို့လည်း သိရပါတယ်။

Author - ခတ္တာဖြူ

Kumudra

No comments:

Post a Comment