Latest News

Thursday, March 16, 2017

ထူးဆန်းတာက သူကြိုးဆွဲချသေဆုံးတဲ့နေရာ တစ်ပေလောက်အကွာမှာ သွေးကွက်တစ်ကွက်၊ သူရဲ့ညာဘက် မျက်ခုံးမှာလည်း ပေါက်ပြဲဒဏ်ရာတစ်ခု တွေ့ရတယ်


“ထူးဆန်းတာက သူကြိုးဆွဲချသေဆုံးတဲ့နေရာ တစ်ပေလောက်အကွာမှာ သွေးကွက်တစ်ကွက်၊ သူရဲ့ညာဘက် မျက်ခုံးမှာလည်း ပေါက်ပြဲဒဏ်ရာတစ်ခု တွေ့ရတယ်။”

ဒုဦးစီးမှူးရဲ့အလောင်းကို တွေ့ရှိခဲ့တဲ့ တာမွေမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒ နယ်အမှတ် (၁)မှကိုယ်စားလှယ် ဦးလှသိန်းကို ဆက်သွယ်မေးမြန်းခြင်း

ရန်ကုန်၊ မတ်လ ၁၆။
တာမွေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုဦးစီးမှူးဟာ ကြိုးဆွဲချသေဆုံးနေတာကို မနေ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒုဦးစီးမှူးသေဆုံးတာနဲ့ပတ်သတ်ပြီးကောလဟလတွေလည်း အမျိုးမျိုးပြန့်နှံနေပါတယ်။ ဒါကြောင့် ဒုဦးစီးမှူးရဲ့အလောင်းကို တွေ့ရှိခဲ့တဲ့ တာမွေမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒ နယ်အမှတ် (၁)မှကိုယ်စားလှယ် ဦးလှသိန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

ကုမုဒြာ။ ။ ဒုဦးစီးမှူးကြိုးဆွဲချသေဆုံးနေတာကို ဆရာတွေ့ရှိခဲ့တာကိုပြောပြပေးပါရှင့်။

ဦးလှသိန်း။ ။ ကျွန်တော် မနက် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုသွားတော့ ဒုဦးစီးမှူးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ကိုနေမျိုးဆွေက ရုံးမှာရှိတဲ့ သူ့အိပ်ခန်း အကွာလေးမှာ လည်ပင်းကို ကြိုးလည်းမဟုတ်ဘူး၊ နိုင်လွန်ကြိုးပုံစံလည်း မဟုတ်ဘူး၊ ကြိုးမဟုတ်တဲ့အရာတစ်ခုနဲ့ ကြိုးဆွဲချသေဆုံးနေတာကို ကျွန်တော်တွေ့ရတယ်။ နောက်တစ်ခုထူးဆန်းတာက သူကြိုးဆွဲချသေဆုံးတဲ့နေရာ တစ်ပေလောက်အကွာမှာ သွေးကွက်တစ်ကွက်၊ သူရဲ့ညာဘက် မျက်ခုံးမှာလည်း ပေါက်ပြဲဒဏ်ရာတစ်ခု တွေ့ရတယ်။

သူရဲ့လက်ကိုင်ဖုန်းတစ်လုံးကို ကျွန်တော်စစ်ကြည့်တော့လည်း မနက်၈ နာရီလောက်က ဖုန်းခေါ်ထားတာတွေတွေ့ရတယ် ။ကျွန်တော်ကတော့ ဆယ်နာရီလောက်ရောက်သွားတာပါ။
ကုမုဒြာ။ ။ဆရာနဲ့ ဒုဦးစီးမှူး ကိုနေမျိုးဆွေနဲ့က အလုပ်ကိစ္စတွေနဲ့ပတ်သက်ပြီး တိုင်ပင်ကြတယ်။ရင်းနှီးမှုတွေလည်းရှိတယ်ဆိုတော့ ကိုနေမျိုးဆွေရဲ့မိသားစုဝင်ဘယ်နှစ်ယောက်ရှိလဲ သူရဲ့ပင်ကိုယ်စရိုက် တွေဘယ်လိုရှိတယ်ဆိုတာလေးပြောပြပေးပါဦးရှင့်။

ဦးလှသိန်း။ ။ကျွန်တော်ကတော့ အလုပ်ကိစ္စတွေနဲ့ပတ်သက်ပြီး တော့တိုင်ပင်လေ့ရှိကြတာဆိုတော့ သူ့ရဲ့မိသားစုဝင်အကြောင်းကို သိပ်မသိပါဘူး။ ဒါပေမယ့် သူသေဆုံးတဲ့နေရာကို ရောက်လာတာကတော့ သူအမေ ၊အကို ၊ ညီမ သုံးယောက်တော့ရောက်လာပါတယ်။ သူ့ရဲ့ပင်ကိုယ်အကျင့်စရိုက်ကတော့ ကောင်းပါတယ် ။သူကနေအေးတယ် ကိုယ်နေရာနဲ့ကိုယ် နေတတ်တဲ့သူတစ်ယောက်ပါ။

ကုမုဒြာ။ ။ ဦးကိုနီလုပ်ကြံမှုတရားခံ ဇေယျာဖြိုးရဲ့ သက်သေခံပစ္စည်းတွေကို ပြည်ထဲရေးက ဖျောက်ဖျက်ပစ်လိုက်တာကို ဒုဦးစီးမှူး ကိုနေမျိုးဆွေက သိလို့သတ်ခံရတယ် လို့ ဒီကနေ့မနက်မှာဆိုရင် ဖေ့ဘုတ်မှာလူ့အချို့က စွပ်စွဲနေကြတယ်။ ဆရာရဲ့အမြင်ကိုလည်း ပြောပြပေးပါဦးရှင့်။

ဦးလှသိန်း။ ။ ကိုနေမျိုးဆွေက အဲ့လိုသိမယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့က သူက အနေအေးတယ်။ ကိုယ့်နေရာနဲ့ကိုယ် နေတတ်တဲ့သူတစ်ယောက်ပါ။ ဒီ ဦးကိုနီကို လုပ်ကြံခဲ့တဲ့ ဇေယျာဖြိုးကိစ္စနဲ့ပတ်သက်တာတွေကို သိမယ်လို့တော့ကျွန်တော်မထင်ပါဘူး။

ကုမုဒြာ။ ။ ဆရာအနေနဲ့ ဒုဦးစီးမှူးကိုနေမျိုးဆွေနဲ့ပတ်သက်ပြီးတော့ သိထားတာရှိရင်လည်းပြောပြပေးပါဦးရှင့်။

ဦးလှသိန်း။ ။ သူနဲ့ပတ်သက်ပြီး သိထားတာကတော့ သူကကိုယ်ရေးကိုယ်တာကိစ္စနဲ့ပတ်သက်ပြီးတော့ ကြီးမားတာရှိတယ် လို့တော့ကျွန်တော်သိထားရပါတယ်။

ကုမုဒြာ။ ။ ဒုဦးစီးမှူး ကိုနေမျိုးဆွေ သေဆုံးတာနဲ့ပတ်သက်ပြီး ဘာပြောချင်ပါသေးလဲရှင့်။

ဦးလှသိန်း။ ။ ကိုနေမျိုးဆွေက အနေအေးတဲ့သူတစ်ဖြစ်ပြီးတော့ ဒီလို ဒဏ်ရာတွေလည်းတွေ့ရပြီး ကြိုးဆွဲချသေဆုံးတာကိုတော့ မသကာင်္တော့ဖြစ်မိပါတယ်။ ဒီလိုအနေအေးပြီးတော့သေဆုံးသွားတဲ့သူတစ်ယောက် ကြိုးဆွဲသေဆုံးသွားတာကို စိတ်မကောင်းဖြစ်မိပါတယ်။

အခုလိုအချိန်ပေးဖြေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

နှင်းနှင်း
KUMUDRA

No comments:

Post a Comment