Latest News

Thursday, March 16, 2017

ကျောင်းဆရာတစ်ဦး တိုးတက်ပုံအဆင့်ဆင့်

ကျောင်းဆရာတစ်ဦး တိုးတက်ပုံအဆင့်ဆင့်

ကျောင်းဆရာ၊ဆရာမ၊ ကျောင်းသူ၊ ကျောင်းသား မိမိသင့်တော်သလို ပြင်ဆင်ဖတ်ရူ့ လို့ရပါတယ်။

၁။ ကျောင်းဆရာဖြစ်စ…..အရင်သင်တတ်ပါစေ၊ ပြီးမှ အသင်အပြကောင်းပါစေ။
ကျောင်းဆရာဖြစ်ခါစ၊ စိတ်အားတအားထက်သန်နေတော့ လူလတ်ပိုင်းမှာ လူတိုင်း အသင်အပြကောင်းချင်တတ်ကြတယ်။ တစ်ခါတစ်လေ ကိုယ့်သင်ပြပုံကို ကျောင်းသားလက်ခံနိုင်လား၊ နှစ်သက်သလား မသိပဲ၊ ကိုယ်သင်တာချည်း အကောင်းထင်နေတတ်ပါတယ်။ ကျောင်းသားများ ကိုယ့်အသင်အပြကို လက်မခံခဲ့ရင်ဖြစ်ဖြစ်၊ နားမလည်နိုင်ခဲ့ရင်ဖြစ်ဖြစ် အသင်အပြ ချက်ချင်းကောင်းချင်တဲ့ ဆရာများ အဖို့ အကြီးအကျယ် စိတ်ထိခိုက်တတ်ပါတယ်။ ဒါကြောင့်မို့လို့ ကျောင်းဆရာဖြစ်စ ဆိုရင် အသင်အပြကောင်းအောင် စိတ်မလောပဲ အသင်အပြ တတ်အောင် အရင်ကြိုးစားသင့်ပါတယ်။

၂။ စာသင်တော့မယ်ဆိုရင်…အရင်အတုခိုးတတ်ပါစေ၊ ပြီးမှကိုယ်ပိုင်ဟန်တီထွင်ဖန်တီးပါစေ။
ကျောင်းဆရာများဟာ အတွေ့အကြုံ ရှိပြီးသားဆရာများထံမှ အရင်အတုခိုးသင့်ပါတယ်။ ဒီသင်ခန်းစာ သူဘာလို့ ဒီလိုရှင်းပြသလဲ၊ ဒီအပိုဒ်ကို သူဘာလို့ ဒီလိုမှတ်ချက်ပေးသလဲ စသည်ဖြင့် စဉ်းစားဉာဏ်နဲ့ အတူ အတုခိုးသင့်ပါတယ်။ ဒီဆရာ ဒီအတန်းထဲမှာ ဒီလိုသင်တဲ့နေရာမှာ ကျောင်းသားများ ဘယ်လိုတုံ့ပြန်သလဲ၊ ဘာကြောင့်လဲ စသည်ဖြင့် စဉ်းစားပြီး မှတ်စုထုတ်ထားသင့်ပါတယ်။

ကျောင်းဆရာသစ်တစ်ဦးအနေနဲ့ အခွင့်အရေး ရရင် သူများအတန်းများများသွားပါ။ နားထောင်ပါ။ အတုခိုးပါ။ ပြီးရင်ကိုယ်ကိုယ်တိုင်သင်ကြည့်ပါ။ ကျောင်းသားများရဲ့ တုံ့ ပြန်မူကို သေသေချာချာ လေ့လာမှတ်သားပါ။ တဖြည်းဖြည်းနဲ့ ကိုယ်ပိုင်ဟန်ပေါ်ပေါက်လာပါလိမ့်မယ်။ ကိုယ်ပိုင်ဟန်နဲ့ ကျောင်းသားများ လွယ်လွယ်ကူကူနဲ့ နားလည်တဲ့အခါ၊ ကျောင်းသားများနဲ့ စည်းကျဝါးကျ ဖြစ်သွားတဲ့ အခါကျရင် အောင်မြင်တဲ့ဆရာဖြစ်ဖို့ အလှမ်းမဝေးတော့ပါ။

၃။ ကျောင်းသားများနဲ့ ဆွေးနွေးတဲ့အခါ… တူတာအရင်ရှာမယ်။ ကွဲတာတွေနောက်ထားဆွေးနွေးမယ်။ ကျောင်းသားတိုင်းဟာ ကိုယ်ပိုင်အတွေးအခေါ် ကိုယ်စီရှိကြပါတယ်။ သူတို့ရဲ့ အတွေးလေးတွေဟာ ရှင်းလည်းရှင်း၊ ရူတ်လည်းရူတ်နေတတ်ပါတယ်။ ကလေးများကသင့်ကို ရင်ဖွင့်ပြီး အကြောင်းအရာတစ်ခုကို နွေးလာပြီးဆိုရင် သူတို့ကို ကလေးလို့ မယူဆသင့်တော့ပါ။ အထက်စီးကနေ မဆက်ဆံရပါ။

သူတို့နဲ့ အမြင့်အတူဖြစ်အောင်ထိုင်ချပါ။ သူတို့မျက်စိကို ကြည့်ထားပါ။ သူတို့ပြောတာကို သေသေချာချာ နားထောင်ပေးပါ။ မှန်ကန်တဲ့အချက်တွေဖြစ်ရင် ခေါင်းညိတ်ပေးပါ။ နားထောင်ပြီးရင် သူတို့ပြောတဲ့အကြောင်းအရာကိုပြန်ပြောင်းပြောပြပေးပါ။ မှန်တဲ့အချက်ကို အရင်ထောက်ခံပေးပါ။ သဘောမတူညီတဲ့အချက်ကို အချိုသာဆုံးစကားနဲ့ ရှင်းပြကြည့်ပါ။ လက်တွေ့ပြနိုင်တဲ့အချက်နဲ့ သူတို့လက်ခံလာအောင် ဆွဲဆောင်ကြည့်ပါ။ သူတို့ကို စဉ်းစားတဲ့အချိန်ပေးပါ။

၎။ ကျောင်းသားချင်းပြသနာကို ရှင်းပေးရင် စိတ်ဓါတ်ကို အရင်ရှင်းမယ်။ ကိစ္စကို နောက်ထားရှင်းမယ်။ ကျောင်းသားအချင်းချင်းပြသနာဖြစ်လာရင်၊ ကျောင်းဆရာတစ်ဦးအနေနဲ့ ကိုယ့်က အရင်စိတ်မဆိုးအောင်၊ ဒေါသမထွက်အောင်၊ စိတ်တည်ငြိမ်အောင် ထိန်းရပါမယ်။ ပြီးမှ စိတ်လုပ်ရှားနေတဲ့ ကျောင်းသားကို စိတ်ပြေအောင် အရင်လုပ်ရပါမယ်။ သူတို့စိတ်အတော်အတန်ပြေပြီးဆိုရင် ပြသနာကို ကျောင်းစည်းကမ်းအတိုင်း စတင်ကိုင်သွယ်လို့ ရပါပြီ။

၅။ ကျောင်းသားများအပေါ် မျော်လင့်ချက်…မူမှန်ကြီးပြင်းစေမယ်။ ပြီးမှ အောင်မြင်စေမယ်။
ကျောင်းဆရာတစ်ဦးဟာ ကျောင်းသားအများကြီးနဲ့ ထိတွေ့ သင်ပြရပါတယ်။ မူမှန်ကြီးပြင်းစေဖို့ဆိုတာ အကျင့်စာရိတ္တကို အရင်အလေးထားစေခြင်းဖြစ်ပါတယ်။ လူတော်လူကောင်းကို ပျိုးထောင်တာမျိုးမဟုတ်ပဲ လူကောင်းလူတော်ပျိုးထောင်တဲ့သဘောကို ဆိုလိုတာပါ။ အရင်ကောင်းအောင်သင်မယ်။ ပြီးမှ တော်အောင်သင်မယ်။ ကောင်းတယ်ဆိုတာ တော်တာထက် များစွာပိုအရေးကြီးပါတယ်။ တော်တဲ့လူ မကောင်းရင် ပိုကြောင်စရာကောင်းပါတယ်။

၆။ မိမိကိုယ်မိမိ မျော်လင့်ချက်…တန်ဖိုးအရင်တက်မယ်။ ပြီးမှ ရာထူးတက်မယ်။
ကျောင်းသင်ခန်းစာကိုလေ့လာမယ်။ ကျောင်းသားများကိုလည်း လေ့လာမယ်။ ပြင်ပဗဟုသုတ ကို လေ့လာမယ်။ သင်ပုံသင်နည်းကောင်းအောင်အမြဲ ကြိုးစားမယ်။ ဒါကျောင်းဆရာတစ်ဦးရဲ့ တန်ဖိုးပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးအရင်တက်အောင်လုပ်မယ်။ ပြီးမှ ရာထူးတက်အောင်ကြိုးစားမယ်။

Sayar Aung Ko Latt

Kanaung

No comments:

Post a Comment