Latest News

Thursday, March 30, 2017

ရဲတပ်ဖွဲ့ က ထုတ်ပြန်တဲ့ သင်္ကြန်ကာလ တွင်း ပြည်သူ တွေ သတိပြုရမယ့် အချက် (၁၂) ချက်

ရဲတပ်ဖွဲ့ က ထုတ်ပြန်တဲ့ သင်္ကြန်ကာလ တွင်း ပြည်သူ တွေ သတိပြုရမယ့် အချက် (၁၂) ချက်

ကာမရာဂကို နိုးထစေသောဆေးများ ရောင်းချခြင်းနဲ့ ၀ယ်ယူသုံးစွဲခြင်းများ မပြုလုပ်ဖို့ အချက်လည်း ပါဝင်ပါတယ်။

သင်္ကြန်ကာလ မှုခင်း တွေမဖြစ်ပွားစေဖို့ ပြည်သူ တွေ သတိပြုရှောင်ကြဉ်ရမယ့် အချက် ၁၂ချက်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က ထုတ်ပြန်လိုက်ပါတယ်။

‘‘သင်္ကြန်ကာလ အတွင်းမှာ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးလုပ်တယ်ဆိုတာ ပြည်သူ လူထုကို ဖမ်းဆီးပြီးအချုပ်ထဲထည့်ချင်လို့မဟုတ်ပါဘူး။ ပြဿနာ ကြီးကြီးမားမားမဖြစ်အောင် ကာကွယ်တာပါ။ ရဲတပ်ဖွဲ့အနေနဲ့က ပြဿနာမဖြစ်အောင်တော့ ကာကွယ်မယ်။ သို့သော် ဆိုးဆိုးရွားရွားဖြစ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ ဥပဒေနဲ့အရေးယူတာအကောင်းဆုံးဖြစ်ပါတယ်။ ၀န်ဆောင်မှုပေးတာထက် ကျော်လွန်သွားတာမှန်သမျှ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ လို့ ရန်ကုန်တိုင်းနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က ထုတ်ပြန်တဲ့ ပြည်သူ တွေရှောင်ကြဉ်ရမယ့်အချက် ၁၂ချက်မှာ အရက်သေစာ လွန်ကဲစွာသောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ တုတ်၊ ဓားလက်နက်များ သိုဝှက်ကိုင်ဆောင်ခြင်း၊ ကာမရာဂ ကို နိုးထစေသောဆေးများ ရောင်းချခြင်းနဲ့ ၀ယ်ယူသုံးစွဲခြင်းများ မပြုလုပ်ဖို့ အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် မြန်မာ့ယဉ်ကျေးမှု နဲ့ မလျော်ညီတဲ့ ၀တ်စားဆင်ယင်ခြင်း၊ အမျိုးသမီးတွေအနေနဲ့ ဆွေမျိုးသားချင်းမဟုတ်သူတွေနဲ့ အတူလည်ပတ်ခြင်း၊ ကျွေးတဲ့အစားအသောက်တွေကို မချင့်မချိန်စားသုံးခြင်း၊အ ချိန်လွန်ရေကစားလည်ပတ်ခြင်း၊ ရေကစားပြီး နားနေချိန် ဆိတ်ကွယ်ရာမှာ အနားယူခြင်းများ ရှောင်ရှားဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သင်္ကြန်တွင်း မဏ္ဍပ်ပေါ် ရေကစားနေတဲ့ အမျိုးသမီးတွေသာမက လည်ပတ်ရာမှာ အများပြည်သူတွေအမြင်မသင့်လျော်တဲ့ ၀တ်စားဆင်ယင်မှုတွေ ၀တ်ဆင်တာတွေ့ရှိပါက ဥပဒေကြောင်းအရ အရေးယူမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးလှဝေက ပြောကြားထားပါတယ်။

‘‘မိန်းကလေးတွေ သရုပ်ပျက်အဝတ်အစားတွေနဲ့ ပျော်ပါးမှုတွေ တွေ့ရင်ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမှာပါ။ ကိုယ့်မြန်မာလူမျိုးကျင်းပတဲ့ဟာကို သရုပ်ပျက်အဝတ်အစားတွေဝတ်ပြီး ရှင်းရှင်းပြောရရင်ယိုသူမရှက်မြင်သူရှက်ပေါ့။ အဲ့ဒါမျိုးတွေတွေ့ရင်အရေးယူသွားမှာပါ။ မဏ္ဍပ်ပေါ်မှာရှိနေတဲ့မိန်းကလေးတွေမှမဟုတ်ဘူး။ ကားနဲ့ဖြစ်ဖြစ်၊ ဘယ်လိုပုံစံမျိုးနဲ့ဖြစ်ဖြစ် သင်္ကြန်လည်ပတ်တဲ့အခါ သရုပ်ပျက်ရင်အရေးယူမှာ’’ လို့ ပြောကြားထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ယာဉ်မောင်းတွေအနေနဲ့လည်း သင်္ကြန်တွင်း အရက်သေစာသောက်စားကာ ၀န်ပိုများတင်ဆောင်မောင်းနှင်ခြင်းနဲ့ ရေကစားသူချင်း နောက်ပြောင်ကျီစယ်လွန်းခြင်း၊ အရက်သေစာသောက်စားကာ ရေကန်၊ ချောင်းတွေမှာ ရေဆင်းကူးခြင်း၊ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်ပြီး အများအမြင်မှာ မတင့်တယ်တဲ့ မဖွယ်မရာပုံစံပြုလုပ်ထားတဲ့ ရေပက်ကိရိယာတွေနဲ့ ရေပက်ကစားခြင်းတွေ မပြုလုပ်ဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။ ( 7Day News )

No comments:

Post a Comment