ပြည်သူများ အတွက် 30/3/2017 ဒီနေ့  မဲခွဲ ဆုံးဖြတ်ပြီး ထိုင် ထ အခါ ၂၀ လုပ်ခဲ့ရတယ် ။ုစစ်ကိုင်းတိုင်း လွှတ်တော်ထဲမှာ ပြည်သူတွေ အတွက် ထိုင် ထ ၂၀ ခါ လုပ်ပြီး ၂၀၁၇/၂၀၁၈ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်း ဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ စီမံကိန်း ၅၃ ခု ပယ်ဖျက်ခဲ့ပါတယ်။
အဲဒီဘတ်ဂျက်ငွေ (၁၀၂၁၆ . ၆၅၉) သန်း ရရှိခဲ့ပါတယ်။ ကျပ်သန်း ၅၀၀ ကို ဒေါင်းမြူးချောင်း ရေကြီးရေလျှံ အတွက် သုံးစွဲပြီး ကျန်ငွေကို စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ် ၃၇ မြို့နယ် ခွဲဝေတော့ တစ်မြို့နယ်ကို (၂၆၂.၆၁၂) သန်းစီ အညီ ရရှိပါတယ်။
ဒီနေ့ တော့ ထိုင် ထ ၂၀ ခါ လုပ်ပြီး ပြည်သူအတွက် ကိုယ်မြို့နယ် အတွက် လုပ်ခဲ့ရပါတယ်။
ငယ်ငယ်က ထိုင် ထ လုပ်ခဲ့ရတဲ့ ကျောင်းသား ဘဝကို ပြန်သတိရမိတယ်။ သူငယ်ချင်းများကိုလဲ သတိရတယ်။ ပြည်သူကိုလဲ သတိရတယ်။ ပြည်သူအတွက် အကျိုးရှိစွာ လုပ်ခဲ့ရလို့ ဝမ်းသာပါတယ်။ ပြည်သူနဲ့ အတူ အနာဂတ် နိုင်ငံတော်ကို လက်တွဲညီညီ လျှောက်လှမ်းပါရစေ ။ ။
ဦးဝင်းမြင့်
ချောင်းဦးမြို့နယ်
တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်
စစ်ကိုင်းတိုင်း ဒေသကြီး
No comments:
Post a Comment