Latest News

Thursday, March 30, 2017

အိန္ဒိယနိုင်ငံ၏ လူဦးရေအထူထပ်ဆုံး ပြည်နယ်၌ ရထားလမ်းချော်၍ တိမ်းမှောက်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံ၏ လူဦးရေအထူထပ်ဆုံး ပြည်နယ်၌ ရထားလမ်းချော်၍ တိမ်းမှောက်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ခရီးသည်များကို တင်ဆောင်လာသော ရထားတွဲ ၈တွဲပါသည့် မီးရထားတစ်စီးသည် လမ်းချော်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး၂၅ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း မီးရထားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့ကြာသာပတေးနေ့၌ ပြောခဲ့သည်။

ယခုဖြစ်စဉ်သည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အကြီးဆုံးမီးရထားကွန်ရက်ကို ပိုင်ဆိုင်ထားသော အိန္ဒိယနိုင်ငံ တွင် မကြာခဏဖြစ်ပွားလျက်ရှိသော မီးရထားမတော်တဆ ဖြစ်ရပ်များထဲမှ   နောက်ဆုံးဖြစ်ပွားခဲ့သော ဖြစ်ရပ် တစ်ခုဖြစ်သည်။

အိန္ဒိယနိုင်ငံအလယ်ပိုင်း မက်ဒ်ယာပရာဒက်ရှ်ပြည်နယ်ရှိ ဂျဘယ်လ်ပါမြို့မှ မြို့တော် နယူးဒေလီသို့ ထွက်ခွာ လာသော မဟာကိုရှယ်မီးရထားသည် ဒေသစံတော်ချိန် မနက် ၂နာရီ၌ လူဦးရေအထူထပ်ဆုံး အက်တာပရာဒက်ရှ်ပြည်နယ်တွင် လမ်းချော်၍ တိမ်းမှောက်ခဲ့သည်။

“ကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေပါတယ်။ ကျနော်တို့ ဘေးအန္တာရာယ်စီမံခန့်ခွဲရေး အသင်း ကို အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန်ပို့ဆောင်ထားပါတယ်” ဟု နယူးဒေလီရှိ မီးရထားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အန်နီလ်ဆက်ဇီနာက ပြောခဲ့သည်။

မီးရထားလမ်းချော်ရသည့် အကြောင်းရင်းမှန်ကို လောလောဆယ်တွင် မသိရှိရသေးကြောင်းနှင့် ရဲများက အဆိုပါဖြစ်ရပ်သည် ကြိုတင်ကြံစည်၍ တိုက်ခိုက်မှုကြောင့်လား မတော်တဆဖြစ်ရပ်လားဆိုတာကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သူကပြောခဲ့သည်။

ပြီးခဲ့သောနှစ် အနှောင်းပိုင်းက ယခုဖြစ်ရပ်မတိုင်ခင်တွင် ဖြစ်ပွားခဲ့ဖူးသော အက်တာပရာဒက်ရှ်ပြည်နယ်ရှိ မီးရထားလမ်းချော်မှုကြောင့်လည်း လူပေါင်း ၁၅၀ ခန့် သေဆုံးခဲ့ရသည်။

လွန်ခဲ့သော ၂၀၁၄ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ရထားလမ်းချော်မှု၊ မီးရထားဖြင့်တိုက်ခံရမှု၊ မီးရထားပေါ်မှ ပြုတ်ကျ မှုတို့ကြောင့် လူပေါင်း ၂၇၅၈၁ ယောက်ခန့် စံချိန်တင် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
Mizzima

No comments:

Post a Comment