Latest News

Sunday, March 12, 2017

ရေတာရှည်တွင် တရားမဝင် ကျွန်းခွဲသားများ ပိုင်ရှင်မဲ့ဖမ်းမိ

ရေတာရှည်တွင် တရားမဝင် ကျွန်းခွဲသားများ ပိုင်ရှင်မဲ့ဖမ်းမိ

တောင်ငူ၊ မတ် ၁၂

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကျောက်မဆင် ၁ ဘိနယ်မြေ ရိုးမကြိုးပြင်ကာကွယ်တောအတွင်း မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်က တရားမဝင် ကျွန်းသစ်ခွဲသား ၃ ဒသမ ၆၉ တန်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရှိရသည်။

အဆိုပါနေ့ မွန်းလွဲပိုင်းက ရေတာရှည်မြိုနယ် သစ်တောဦးစီးဌာန သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်း အဖွဲ့များဖြင့် ရိုးမကြိုးပြင်တောတွင်း သတင်းအရ စုံစမ်းရှာဖွေ ဖမ်းဆီးခဲ့ရာမှ တရားမဝင် ကျွန်းခွဲသား (၆၁)ချောင်း (၃.၆၉၀၀)တန် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

R-15

The Voice

No comments:

Post a Comment