Latest News

Saturday, March 18, 2017

သူနာပြုများ ဆန္ဒပြခြင်းအပေါ် ၀န်ထမ်းများနေသာအောင်ဆောင်ရွက်သင့်

သူနာပြုများ ဆန္ဒပြခြင်းအပေါ် ၀န်ထမ်းများနေသာအောင်ဆောင်ရွက်သင့်

ပုသိမ်၊ မတ်လ ၁၇ ။         ။ သူနာပြုလေးများ ဆန္ဒပြခြင်းအပေါ် ဝန်ထမ်းတွေနေသာအောင် ပုဂ္ဂလိက ပြည်သူ ဌာနဆိုင်ရာ ပေါင်းလုပ်သင့်ကြောင်း ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီက ပြောသည်။

ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးမန်းဂျော်နီ က မတ်လ ၁၇ ရက်၊ ပုသိမ်ဟိုတယ်တွင်ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

"သူနာပြုတက္ကသိုလ်ကလေးတွေ ဆန္ဒပြတယ်။ ဘာကြောင့် ကျွန်တော်တို့ ပြန်စဉ်းစားနိုင်ရမယ်။  ဒီကလေးတွေ အစိုးရဝန်ထမ်းဖြစ်လာဖို့ အများကြီးလိုအပ်တယ်။ အာရှတော်ဝင်၊ ဆာကူရာ ဆေးရုံကြီးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ ၊ အစိုးရဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေသူနာပြုတွေ ၊ လစာ ဘယ်လောက်ကွာခြားလဲ။ ဒီလိုဆို တစ်ဘက်ကို သွားပြီး အလုပ်လုပ်ချင်ကြတယ်။ ကျွန်တော်တို့ဌာနမှ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေ နေသာအောင် ဘာလုပ်ပေးမလဲ။ လစာတိုးရင် ကုန်ဈေးနှုန်းတက်မယ် ။ တိုးစရာမလိုဘူး။ ပုဂ္ဂလိက ကဏ္ဍ ပြည်သူတွေဌာနဆိုင်ရာ ပုဂ္ဂိုလ်တွေ ပေါင်းပြီးလုပ်မယ်ဆို အများကြီးတိုးတက်မှာပါ”ဟု ဝန်ကြီးချုပ်ဦးမန်းဂျော်နီက ပုသိမ်ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် ပြောသည်။

ဝန်ကြီးချုပ်ဆက်လက်ပြီး ဆေးရုံဝန်ထမ်းတွေ အတွေ့အကြုံရှိရင် အပြင်ရောက်သွားတတ်ကြောင်း၊ ထို့ကြောင့် အတွေ့အကြုံရှ်ိသူတွေကို တန်ဖိုးနည်း အိမ်ရာဆောက်ပေးဖို့ လိုအပ်ကြောင်း ဆက်လက် ပြောခဲ့သည်။

"မြေကြီးကို အစိုးရကရှာ၊  ကုမ္ပဏီတွေ၊ ပုဂ္ဂလိကတွေက ဆောက်လုပ်ပေး၊ ခံစားခွင့်ကို အပြည့်အဝပေးထားလိုက်ရင်း ဝန်ထမ်းတွေ အိမ်ရာမှာနေ ၊ အစိုးရက အိမ်တွေအတွက်လစာပေး၊ သူတို့လုံးဝမပေးနဲ့၊ အနှစ်နှစ်ဆယ်လောက်ဆို ဒီအိမ်တွေ ဘယ်သူအိမ်တွေဖြစ်မလဲ။  ဒီလိုဆိုရင် တက်လာတ့ ပုဂ္ဂိုလ်တွေနဲ့တိုင်ပင်ပြီး ဝန်ထမ်းတွေအိမ်ရာဖော်ဆောင်ရေးလုပ်လိုက်မယ်ဆိုရင် ကျွန်တော့ဝန်ထမ်းတွေဟာ ကျွန်တော်တို့အစိုးရဌာနမှာလုပ်မှာပါ ”ဟု ဝန်ကြီးချုပ်ဦးမန်းဂျော်နီက တွေ့ဆုံပွဲတွင် ပြောသည်။

ဝန်ထမ်းများ လစာများရာနေရာကို သွားခြင်းကြောင့် အိမ်ရာများ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ဆိုသည်။ ထို့ကြောင့် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ၀န်ကြီးချုပ်က ဖိတ်ခေါ်ကြောင်း ပြောသည်။

ပထမအကြိမ် အစိုးရလက်ထက်တွင် ပုသိမ်မြို့၊ အမှတ်၁၄ရပ်ကွက်တွင် ၂၀၁၆ ခုနှစ်တွင် ဝန်ထမ်းများ ပင်စင်များ ကုမ္ပဏီဝန်ထမ်များ ပြည်သူအားအား အခန်းများအား မဲနှိုက်ပေးခဲ့သည်။Mizzima

No comments:

Post a Comment