Latest News

Saturday, March 18, 2017

တောင်ကုတ်တွင် ၆ နှစ်အရွယ် ကလေးငယ် ထော်လာဂျီကြိတ်မိ၍ သေဆုံး

တောင်ကုတ်တွင် ၆ နှစ်အရွယ် ကလေးငယ် ထော်လာဂျီကြိတ်မိ၍ သေဆုံ


ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ရန်ဒေးကျေးရွာက အသက် ၆ နှစ်အရွယ် ကလေးတဦး စပါးသယ်တဲ့ထော်လာဂျီနဲ့ တက်ကြိတ်မိလို့ အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။

မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်က လမုကျေးရွာက ထော်လာကျီးနဲ့စပါးသယ်ပြီး အပြန်မှာ ရန်ဒေးကျေးရွာက လေးငယ်နှစ်ဦး ထော်လာကျီးကို လိုက်လံတွဲစီးရာက နောက်ဘီးနဲ့ တဦးကိုကြိတ်မိသွားတာပါ။

လမုရဲစခန်းက စခန်းမှူးစိန်သန်းအောင်က “ဖြစ်တာ မွန်းလွဲ ၁ နာရီလောက်ဖြစ်တာပါ။ အဲဒီဘက်မှာက ကားလမ်းဆိုပြီးတော့ မရှိဘူး။ ရွာစဉ်လယ်ကွင်း ဖြတ်ကျော်တဲ့ လမ်းတွေပဲရှိတယ်။ လမုကို ထော်လာဂျီနဲ့စပါးသယ်တယ်။ ကလေးတွေက ကိုထော်လာတွေတွဲစီးတယ်။ အဲဒါကိုထော်လာဂျီမောင်းတဲ့သူက မသိဘူး။ ဘတ်မှန်ကလည်းမပါဘူး။ တောင်ကုန်းအတက်မှာ နောက်ကို ဆုတ်လိုက်လို့ နောက်ဘီးနဲ့ တက်နင်းလိုက်တာ။ ပေါင်းရင်းကနေပြတ်လုနီးပါးဖြစ်သွားတယ်။ တိုက်တဲ့နေရာမှာပဲ ကလေးက ဆုံးသွားပါတယ်။ နောက်ကလေးတဦးကတော့ ဘာမှမဖြစ်ဘူး။”

ထော်လာဂျီတိုက်လို့ သေဆုံးသွားတဲ့ ကလေးမှာ မောင်ဇင်ကိုဝင်း အသက် ၆ နှစ် ရန်ဒေးကျေးရွာမှဖြစ်ပါတယ်။

ထော်လာဂျီမောင်းလာတဲ့ မအီမြို့ဂျီးဖြူတောင်ရွာမှ ကိုမောင်သိန်းလှအသက် ၂၃ နှစ်ကို ရာဇသတ်ကြီးပုဒ်မ-၃၀၄-က နဲ့ စခန်းမှူးစိန်သန်းအောင်ကိုယ်တိုင် တရားလိုပြုလုပ်ပြီး တောင်ကုတ်ရဲစခန်းမှာ ဖမ်းဆီးအရေးယူထားတယ်လိုပြောပါတယ်။

အဲဒီဘက်တွေမှာ ကားလမ်းမရှိတာကြောင့် ရွာတွေရဲ့ လယ်ကွင်းပြင်တွေကိုဖြတ်သန်းပြီး တောင်ယာသမားတွေက ဈေးနှုန်းချိုသာတဲ့ ထော်လာဂျီကို ငှားရမ်းအသုံးပြုပြီး စပါးတွေကို သယ်ယူနေရတယ်လို့ သိရပါတယ်။DVB

No comments:

Post a Comment