Latest News

Saturday, March 18, 2017

နိုင်ငံတကာမှ ကုမ္ပဏီများကို စက်သုံးဆီအရောင်းဆိုင်များ ဖွင့်ခွင့်ပေးမည်


နိုင်ငံတကာမှ ကုမ္ပဏီများကို စက်သုံးဆီအရောင်းဆိုင်များ ဖွင့်ခွင့်ပေးမည်

နိုင်ငံတကာက စက်သုံးဆီရောင်းချတဲ့ ကုမ္ပဏီတွေကို လက်လီအရောင်းဆိုင်တွေ ဖွင့်ခွင့်ပေးအပ်သွားမယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောပါတယ်။

လက်တလောမှာ ဖြစ်ပေါ်နေတဲ့ စက်သုံးဆီဈေးမြင့်တက်နေမှုတွေနဲ့ ဈေးကျချိန်မှာ တက်ဈေးနဲ့ ရောင်းချနေတာတွေကို အဆုံးသတ်စေဖို့ အပြိုင်အဆိုင်ရောင်းချနိုင်တဲ့ လက်လီဈေးကွက် ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။

စက်သုံးဆီအရောင်းဆိုင်ဖွင့်ခွင့်အတွက် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက် တင်းကြပ်ထားတာတွေကိုလည်း ဖြည်လျော့ပေးသွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ မတ်လ ၁၈ ရက်နေ့က ကော်မရှင်ဥက္ကဋ္ဌနဲ့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးပွဲမှာ ၀န်ကြီးက အခုလိုြေေပြောဆိုလိုက်တာပါ။DVB

No comments:

Post a Comment