Latest News

Saturday, March 18, 2017

ရန်ကုန်မြို့တော် ဗဟိုသင်္ကြန်မဏ္ဍပ်ကို ခွပ်ဒေါင်းအရုပ်များဖြင့် အလှဆင်မည်

ရန်ကုန်မြို့တော် ဗဟိုသင်္ကြန်မဏ္ဍပ်ကို ခွပ်ဒေါင်းအရုပ်များဖြင့် အလှဆင်မည်

လာမယ့်သင်္ကြန်ပွဲတော်မှာ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်မှာ အရင်နစ်တွေနဲ့ မတူတဲ့ဒီဇိုင်းနဲ့ ပြုလုပ်မှာဖြစ်ပြီးတော့ လက်ရှိမှာလည်း မဏ္ဍပ်တည်ဆောက်မူကို စတင်နေပါတယ်။

“မဏ္ဍပ်ရှေ့မှာ ခွပ်ဒေါင်းငှက်နှစ်ကောင်အရုပ်နဲ့ အလှဆင်ထားမယ်။ အခုYCDC ရဲ့တံဆိပ်က ကဒေါင်းလေ၊ နိုင်ငံရေးအရဆို ခွပ်ဒေါင်းလေ၊ ပိုပြီးအလှဆင်ဖို့ စဉ်းစားနေတာ။ အိုင်ဒီယာတော့ ရှိနေပါပြီ။” လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

ဒါ့အပြင် အရင်နစ်တွေနဲ့ မတူတဲ့ ဒီဇိုင်းတွေနဲ့ အလှဆင်သွားမှာဖြစ်ပြီးတော့ မြန်မာ့ယဉ်ကျေးမူ မပပျောက်စေလိုတဲ့အတွက် ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်ပေါ် တက်မယ့်သူတွေရဲ့ ၀တ်စားဆင်ယင်မူကို ကန့်သတ်သွားမယ်လို့ြေ့ြေ့ပြောပါတယ်။DVB

No comments:

Post a Comment