Latest News

Sunday, March 19, 2017

ပိုင်ရှင်မဲ့သစ်စက်တစ်လုံး သိမ်းဆည်းရမိ

ပိုင်ရှင်မဲ့သစ်စက်တစ်လုံး သိမ်းဆည်းရမိ


မော်လူး မတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးရဲစခန်းပိုင်နယ် မော်လူး အဆိုပြုကြိုးဝိုင်းအတွင်းရှိ နားပုံတောဧရိယာ၌ ပိုင်ရှင်မဲ့တရားမဝင်သစ်စက်တစ်လုံး သိမ်းဆည်းရမိကြောင်း သိရသည် ။

ဖြစ်စဉ်မှာ မတ် ၁၈ ရက် နံနက် ၁ဝ နာရီခန့်က မော်လူးနယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်မင်းသိန်းထွန်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ မော်လူးသစ်တောဘိနယ်တာဝန်ခံ တောအုပ် ဝင်းလှိုင်မိုးပါဝင်သော အဖွဲ့များက သွားရောက်စစ်ဆေးခဲ့ရာ မော်လူးအဆိုပြုကြိုးဝိုင်းအတွင်းရှိ နားပုံတော ဧရိယာတွင် ကျွန်းခွဲသားဆိုက်စုံ ၄၇ ချောင်း (သုည ဒသမ ၇၈၅၆ တန်)၊ ကျွန်းသစ်လုံး ၂ဝ (၅ ဒသမ ၁၁ဝ တန်)၊ ကျွန်းတိုင် သုံးလုံး (သုည ဒသမ ၅၃၈ တန်)၊ အခြားသစ် နှစ်လုံး (၁ ဒသမ ဝ၈၈ တန်)နှင့် ဆက်စပ်ပစ္စည်း ခြောက်မျိုးတို့ကို သိမ်းဆည်းရမိခဲ့သည်။

မော်လူးသစ်တောဘိနယ်မှ သိမ်းဆည်းရမိသော ပစ္စည်းများကို သစ်တော ဥပဒေအရ ထိန်းသိမ်းဆောင်ရွက် ထားကြောင်း သိရသည်။

ပြန်/ဆက်

No comments:

Post a Comment