Latest News

Monday, March 27, 2017

မြဝတီ-ကော့ကရိတ်အမြန်လမ်းတွင် မော်တော်ယာဉ်တစ်စီးအပူရှိန်လွန်ကဲ ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးလောင်

မြဝတီ-ကော့ကရိတ်အမြန်လမ်းတွင် မော်တော်ယာဉ်တစ်စီးအပူရှိန်လွန်ကဲ ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးလောင်

မြဝတီ၊ မတ် ၂၇

ကရင်ပြည်နယ် မြဝတီ-ကော့ ကရိတ် အမြန်လမ်းတွင် မော်တော်ယာဉ်တစ်စီး မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြဝတီမှကော့ကရိတ်ဘက်သို့ ထွက်ခွာလာသော မော်တော်ယာဉ်တစ်စီးသည် မြဝတီ- ကော့ကရိတ်အမြန်လမ်းမကြီးနံဘေး ဓမ္မဗျူဟာ ဘုန်းကြီးကျောင်းအနီးတွင်မီးလောင်မှုဖြစ်ပွားကြောင်း မတ် ၂၇ ရက် နံနက် ၈ နာရီခွဲက သတင်းရရှိသဖြင့် သင်္ဃန်းညီနောင်ရဲစခန်းမှ ဒုရဲအုပ်မျိုးမင်းအောင်နှင့် ရဲတပ်ဖွဲ့ဝင်
များ၊ မြဝတီမြို့ လုံခြုံရေးဇုန်မှ ရဲအုပ် မြဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြဝတီမီးသတ်တပ်ဖွဲ့မှ အင်အား ၁၀ ဦးနှင့် မီးသတ်ယာဉ် လေးစီးတို့သည်အခင်းဖြစ်ရာနေရာသို့ ချက်ချင်းသွားရောက်ငြှိမ်း သတ်ရာ နံနက် ၉ နာရီတွင် မီးငြိမ်းသွားခဲ့သည်။

 မီးလောင်ကျွမ်းသောယာဉ်မှာ 2F/---- ဟိုက်ဂျက် အပြာရောင်မော်တော်ယာဉ်ဖြစ်ပြီး အပူရှိန်လွန်ကဲ ကာ ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွား ကြောင်း၊ ယာဉ်မောင်းမှာ ယာဉ်ကိုထား၍ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒုရဲအုပ်မျိုးမင်းအောင် ကတရားလိုပြုလုပ်တိုင်ကြားသဖြင့်သင်္ဃန်းညီနောင် ရဲစခန်းမှထွက်ပြေးတိမ်းရှောင်သွားသည့် ယာဉ် မောင်း(စုံစမ်းဆဲ)ကို (ပ)၉၁/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ-၂၈၅/၂၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

KKTM(MWD)
#Democracytoday
မြဝတီ-ကော့ကရိတ် အမြန်လမ်းတွင် ယာဉ်တစ်စီး မီးလောင်နေစဉ်။
ဓာတ်ပုံ-KKTM(MWD)

No comments:

Post a Comment