Latest News

Saturday, March 18, 2017

ဧပြီ ၁ ရက်မှစတင်ကာ သန်လျင်တံတားဖြတ်သန်းခ ကောက်ခံတော့ မည် မဟုတ်ဟုဆို

ဧပြီ ၁ ရက်မှစတင်ကာ သန်လျင်တံတားဖြတ်သန်းခ ကောက်ခံတော့

မည် မဟုတ်ဟုဆို

သန်လျင်တံတားအမှတ် ၁ ဖြတ်သန်းခအား လာမည့်ဧပြီ ၁ ရက်မှစတင်ကာ ကောက်ခံတော့မည် မဟုတ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးနေလင်းအောင်မှ မတ်လ ၁၈ ရက်ကပြောသည်။

ရန်ကုန်မြို့နှင့် သန်လျင်၊ ခရမ်း၊ သုံးခွ၊ ကျောက်တန်း ဆက်သွယ်ထားသည့်  သန်လျင်တံတား အမှတ် ၁ ဖြတ်သန်းခအား ကောက်ခံတော့မည် မဟုတ်ဘဲ တံတားပြင်ဆင်မှုများအား အစိုးရကသာ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဦးနေလင်းအောင်က “လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးသူ့ဖေ့စ်ဘုတ်မှာ တင်ထားတာတွေ့လို့ ကျွန်တော်က ဖုန်းနဲ့ဆက်မေးတဲ့အခါ သူက ဟုတ်တယ်လို့ ပြောတယ်။ သန်လျင်တံတားအမှတ် ၁ ဖြတ်သန်းခကို အဲ့ဒီနေ့ မကောက်ခံတော့ဘူးပြောတယ်။ လမ်းပျက်စီးနေတဲ့ နေရာတွေပြင်ဆင်ဖို့ ၀န်ကြီးနဲ့ပြောထားတယ်” ဟု ပြောသည်။

အဆိုပါတံတားထိပ်တွင် ဖြတ်သန်းခကောက်ခံခြင်းနှင့် တံတားအဆင်း လမ်းများ ပျက်စီးနေခြင်းကြောင့် ခရီးသွားများ အခက်အခဲများဖြစ်ခြင်း၊ မကြာခဏ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း အဆိုပါလမ်း ခရီးအသုံးပြုသည့် ပြည်သူများက မကြာခဏ ပြောဆိုခြင်းများရှိသည်။

သန်လျင်မြို့နှင့် ရန်ကုန်မြို့သို့ ဆက်သွယ်သည့်တံတားမှာ နှစ်စင်းရှိပြီး တံတားအမှတ် ၁ မှာ ၃၆ တန်အောက် ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပြုထားပြီး အမှတ် ၂ ကုလားဝဲတံတားမှာ ကွန်တိန်နာယာဉ်ကြီးများ ဖြတ်သန်းသွားလာခွင့် ပြုထားကြောင်း သိရသည်။

လက်ရှိသန်လျင်သွားလာရေး ပိုမိုကောင်းမွန်စေရေးအတွက် သန်လျင် တံတားအမှတ် ၃ တည်ဆောက်ရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းရေး အေဂျင်စီမှ ဂျပန်ယန်း (၃၁ ဒသမ ၀၅၂) ဘီလီယံချေးယူပြီး တည်ဆောက်ရန် လွှတ်တော်တွင် အတည်ပြုထားပြီးဖြစ်ပြီး လာမည့် ၂၀၁၈ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။

ဦးနေလင်းအောင်က “တံတားအသစ်ကလည်း ၂၀၁၈ ခုနှစ်မှာ စတင်တည်ဆောက်မယ်လို့ ကျွန်တော်တို့ ပြောပါတယ်ခင်ဗျာ” ဟု ပြောသည်။ စိုင်းဟန် - The Ladies News

No comments:

Post a Comment