Latest News

Saturday, March 18, 2017

"ဒဂုံမြို့နယ် တရားရုံးဝင်းအတွင်းရှိ ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်သန္တာဝင်းကျော်၏ ရုံးခန်းတွင် လူသေမှုဖြစ်ပွား"

"ဒဂုံမြို့နယ် တရားရုံးဝင်းအတွင်းရှိ ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်သန္တာဝင်းကျော်၏ ရုံးခန်းတွင် လူသေမှုဖြစ်ပွား"

၁၇.၃.၁၇ နေ့လည် ၁၃၀၀ နာရီခန့်မှာ စိမ်းလမ်း၊ ဗညားဒလရပ်ကွက်၊ ဒလမြို့မှာနေတဲ့ ပုဒ်မ ၁၉(င) တရားခံ စိုးသီဟ(ခ)စိုးသူရ (ဘ)ဦးသန်းမြင့် ဟာ သူ့အမေဖြစ်သူ ဒေါ်မြအေး (၅၁)နှစ်နဲ့အတူ ဒဂုံမြို့နယ်တရားရုံးရှိ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်သန္တာဝင်းကျော် နှင့်၎င်း၏အမှုကိစ္စအတွက် လာရောက်ဆွေးနွေးရာ ဒေါ်သန္တာဝင်းကျော်မှ (တရားရုံးတွင် အမှုပင်မစစ်ဆေးရသေးဘဲ) တရားခံစိုးသီဟ(ခ)စိုးသူရသည် ထောင်ခြောက်လကျသွားနိုင်ကြောင်း ပြောလိုက်တဲ့အတွက် ကြားရသူ တရားခံ၏မိခင်ဖြစ်သူ ဒေါ်မြအေး(၅၁)နှစ်ဟာ ဒု-မြို့နယ်ဥပဒေအရာရှိ ဒေါ်သန္တာဝင်းကျော်၏ ရုံးခန်းတွင်းမှာပင် လဲကျပြီးသေဆုံးသွားကြောင်း သိရှိခဲ့ပါတယ်။

သားဖြစ်သူစိုးသီဟ(ခ)စိုးသူရက အော်ဟစ်ငိုကြွေးခြင်းကြောင့် ဒေါ်မြအေးသေဆုံးရခြင်း အဖြစ်မှန်ကို ပတ်ဝန်းကျင်နှင့် တရားရုံးကလူအများ သိရှိသွားသော်လည်း ဒဂုံမြိ့နယ်ရဲစခန်းမှ ဒုမြို့နယ် ဥပဒေအရာရှိ ဒေါ်သန္တာဝင်းကျော်အား အမှုမှ ဖယ်ထုတ်ဖျောက်ဖျက်ထားပြီး ဒုမြို့နယ် ဥပဒေအရာရှိ ဒေါ်သန္တာဝင်းကျော်၏ရုံးခန်းအတွင်း တရားခံ၏မိခင်ဒေါ်မြအေးလဲကျ သေဆုံးသွားကြောင်းကိုလဲ နေရာလွှဲဖေါ်ပြ၍ ကွယ်လွန်သူ ဒေါ်မြအေးသည် တရားရုံးသို့အလာ သတိလစ်ပြီး သေဆုံးကြောင်းဟုသာ သေမှုသေခင်း ဖွင့်လှစ်ထားတယ်လို့သိရပါတယ်။

5 Plus News

No comments:

Post a Comment