Latest News

Monday, March 13, 2017

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဦးဝင်းထိန်တွေ့ဆုံ

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဦးဝင်းထိန်တွေ့ဆုံ


 ရှမ်းပြည်နယ် အစိုးရအဖွဲ့ အောင်မြင်နိုင်ရန် လာရောက်တွေ့ဆုံပွဲ ပြုလုပ်ရ ခြင်းဖြစ်ကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်း ဆောင်ဦးဝင်းထိန်က ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံစဉ်ပြောသည်။ မတ်လ ၁၂ ရက်က တောင် ကြီးမြို့ ရွိုင်ရယ်တောင်ကြီး ဟို တယ်ခန်းမတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ ဗဟို အလုပ်အမှုဆောင် အတွင်းရေး မှူးအဖွဲ့ဝင် ဦးဝင်းထိန်က ရှမ်း ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာ လင်းထွဋ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဒီချုပ်ဝန်ကြီးများ၊ လွှတ် တော်ကိုယ်စားလှယ်များနှင့်ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ ဝင်များ တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြောကြားခဲ့သည်။

 ‘‘ဒေါက်တာလင်းထွဋ် ဦးဆောင်တဲ့ ရှမ်းအစိုးရအဖွဲ့ အောင်နိုင်ဖို့အတွက် အခုလိုလာရောက် တွေ့ဆုံရခြင်းဖြစ်ပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာရှိနေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေ၊ တခြားကိစ္စတွေ အားလုံးအောင်မြင်နိုင်ဖို့ အတွက် တွေ့ဆုံတာပါ’’ ဟု ဦးဝင်းထိန်က ပြောသည်။

ယင်းတွေ့ဆုံပွဲတွင် ခရိုင်၊ မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ ဝင်များ၏ တင်ပြချက်အသံများကို လည်း နားထောင်ပေးမည်ဖြစ်ပြီး အစိုးရအဖွဲ့၊ လွှတ်တော်နှင့် ပါတီ ချိတ်ဆက်မှု အားကောင်းလာစေ ရေး ဆောင်ရွက်မည်ဟု ဦးဝင်းထိန်က ပြောသည်။

‘‘တွေ့ဆုံပွဲက ပါတီမိသားစု ဝင်တွေအချင်းချင်း ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးတဲ့ သဘောပါ ပဲ။ အစိုးရအဖွဲ့ဝင်တွေ၊ ဝန်ကြီး တွေပါတယ်။ လွှတ်တော်ကိုယ် စားလှယ်တွေ ပါသလို ခရိုင်၊ မြို့ နယ်က အလုပ်အမှုဆောင်တွေ လည်း ပါပါတယ်’’ဟု ရှမ်းပြည် နယ် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

ယင်းတွေ့ဆုံပွဲသို့ ရှမ်းပြည် နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် လူဦးရေ ၁၅၀ ကျော် တက်ရောက်ခဲ့သည်။

ဒီချုပ်သည် ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ်အချို့တွင် ၂၀၁၅ ရွေး ကောက်ပွဲက အရေးနိမ့်ခဲ့သည်။ ရှမ်းပြည်နယ် လွှတ်တော်တွင် ပြည်ခိုင်ဖြိုးအမတ်က အများဆုံး ဖြစ်ပြီး ဒုတိယအများဆုံးက ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဖြစ်ကာ ဒီချုပ်အမတ်က တတိယအများဆုံး ဖြစ်သည်။


7Day News Journal

No comments:

Post a Comment