Latest News

Tuesday, March 7, 2017

အမှန်တရားကနေ အင်အားဖြစ်စေတဲ့ ခေတ်ကိုဦးတည်နေချိန်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

အမှန်တရားကနေ အင်အားဖြစ်စေတဲ့ ခေတ်ကိုဦးတည်နေချိန်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော


နေပြည်တော် မတ် ၈ ရက်

အမှန်တရားကနေ အင်အားဖြစ်စေတဲ့ ခေတ်ကိုဦးတည်နေချိန်ဖြစ်လို့ စီးပွားရေးမှာလည်း ဓနအင်အား၊ကျွမ်းကျင်မှုအင်အားကနေ အမှန်တရားကရတဲ့အင်အားနဲ့ စွမ်းဆောင်ကြဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ” အင်အားဟာ အမှန်တရားလား၊အမှန်တရားဟာအငိအားလား ကျွန်မတို့ဟာ အမှန်တရားဟာ အင်အားပါဆိုတဲ့ ခေတ်ကြီးကို ဦးတည်နေတာဖြစ်ပါတယ်။ ယဉ်ကျေးသူတိုင်းဟာ အမှန်တရားကို အင်အားလို့ သတ်မှတ်ကျပြီးတော့ သတ်မှတ်တဲ့ အတိုင်း လိုက်ကိုင်ပြောဆိုတတ်ကြပါတယ်။
ရိုင်းစိုင်းတဲ့သူများ( လူရိုင်းများ) ကတော့ အင်အားဟာ အမှန်တရားလို့ ထင်ကြပါတယ်။ အင်အားဟာ အမှန်တရားလို့ ထင်ရင်းထင်ရင်းနဲ့ဘ အမှန်တရားဟာ ဘာမှန်းတောင်မသိတော့ပါဘူး။

ဒါကြောင့် စီးပွားရေး ကဏ္ဍမှာပါတဲ့အမျိုးသမီးတိုင်းဟာ ဓနအင်အား၊ စီးပွားရေးကျွမ်းကျင်မှုအင်အားကို အမှန်တရားဆိုတဲ့ အင်အားနဲ့ ငြိမ်းချမ်းရေးအတွက် သုံးကြပါလို့ တိုက်တွန်းလိုပါတယ်” လို့ပြောသွားပါတယ်။
ယနေ့ ကျင်းပတဲ့ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ”
“၂၀၃၀ အမီ ကမ္ဘာကြီးကို ပြောင်းလဲဖို့ ”
“အမျိုးသမီးများဧ။် စီးပွားရေး စွမ်းဆောင်မှုကို မြှင့်တင်စို့ “အခမ်းအနားမိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

မိုးမိုး

Kumudra

No comments:

Post a Comment