Latest News

Thursday, March 30, 2017

မဘသအဖွဲ့ နဲ့ ပတ်သတ်ပြီး တိကျတဲ့ ဆုံးဖြတ်ချက်ရလိုတာကြောင့် ဦးဝီရသူကို အရေးယူပေးဖို့ တိုင်ကြားတာဖြစ်

မဘသအဖွဲ့ နဲ့ ပတ်သတ်ပြီး တိကျတဲ့ ဆုံးဖြတ်ချက်ရလိုတာကြောင့် ဦးဝီရသူကို အရေးယူပေးဖို့ တိုင်ကြားတာဖြစ်

၃၀၊မတ်လ၊ရန်ကုန်- ဆရာတော် ဦးဝီရသူကို အရေးယူပေးဖို့  တိုင်ကြားတာဟာ လက်တုံ့ပြန်တရားစွဲဆိုတာမဟုတ်ဘဲ မဘသအဖွဲ့ နဲ့ ပတ်သတ်ပြီး မဟနဆီက တိကျတဲ့ဆုံးဖြတ် ချက်တစ်ခုရရှိဖို့  အတွက်တင်ပြတာဖြစ်

တယ်လို့ မြန်မာနောင်းအယ်ဒီတာချုပ်ကိုဆွေဝင်းရဲ့  ဥပဒေအကြံပေးရှေ့ နေ ဦးခင်မောင်မြင့်က ပြောပါတယ်။
၂၀၁၆ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့ မှာ မဘသဟာ ဥပဒေစည်းကမ်းနဲ့ အညီဖွဲ့ စည်းတည်ထောင်ထားတဲ့ အဖွဲ့ ကြီးမဟုတ်ဘူးလို့  မဟနအဖွဲ့ က တိတိကျကျထုတ်ပြန်ထားခဲ့ပေမယ့် ဘမသအဖွဲ့ ရဲ့  ဆောင်ရွက်ချက်တွေကို အရေးယူဆောင်ရွက်ခြင်းမရှိလို့ မဟနအဖွဲ့ ရဲ့ ထုတ်ပြန်ချက်အပေါ်မှာလည်း ဦးခင်မောင်မြင့်က မေးခွန်းထုတ်ပါတယ်။
” မဘသအဖွဲ့ ကြီးဆက်လက်တည်ရှိနေတာကို ဘာမှ အရေးယူမှုမလုပ်ဘူး။မဘသနဲ့  မဘသအဖွဲ့  ၀င်တွေဆောင်ရွက်ချက်တွေကိုလည်းပဲ အရေးယူဆောင်ရွက်ခဲ့ခြင်းမရှိဘူး။အဲဒါက မဟနအဖွဲ့ ရဲ့  ထုတ်ပြန်ချက်က အတည်ဖြစ်သေးသလား။ အဲဒီထုတ်ပြန်ချက်အတိုင်ဆိုရင် ဒီမဘသအဖွဲ့ သည် တရားဝင်အဖွဲ့ အစည်းမဟုတ်ဘူးဆိုတာရော သေချာသလား။ မဘသအဖွဲ့ ရဲ့  ဆောင်ရွက်ချက်တွေသည် တရားဥပဒေနဲ့  ညီညွတ်တယ်လို့  မဟနအနေနဲ့  ယူဆသလားဆိုတာမေးထားပါတယ်။ ဦးဝီရသူသည် သူ့ ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်ချက်တွေဖြစ်တယ်။ မဘသနဲ့ မဆိုင်ဘူးလို့  ငြင်းထားတဲ့ အတွက် ဦးဝီရသူတစ်ယောက်ထဲကိုပဲ အရေးယူပေးဖို့  တင်ပြထားတာပါ” လို့  ဦးခင်မောင်မြင့်က ပြောပါတယ်။

မတ်လ ၂၈ ရက်နေ့ ရက်စွဲ ဆရာတော်ဦးဝီရသူကို ဥပဒေနဲ့ အညီအရေးယူပေးယူပေးဖို့ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ (မဟန)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့  မြန်မာနိုင်ငံ လူ့ အခွင့်အ ရေးကော်မရှင်တို့  ကိုလည်း လိပ်မူပြီး မြန်မာ နောင်းအယ်ဒီတာချုပ်ကိုဆွေဝင်းက စာပို့ တိုင်ကြားထားပါတယ်။

တိုင်ကြားစာထဲမှာ ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ခ)ဦးဝီရသူဟာ ထေရဝါဒဗုဒ္ဓရဲ့ ပိဋကတ်ကျမ်းတွေထဲမှာ မပါတဲ့ စကားလုံးတွေ၊ အ ကြောင်းအရာတွေကို သုံးစွဲပြီး တော့ ဟောပြောခြင်းအားဖြင့် ဗုဒ္ဓ သာသနာကို ညစ်နွမ်းစေတဲ့အ တွက် အရေးယူပေးဖို့နဲ့  ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေမှာပါတဲ့ နိုင်ငံသား များရဲ့ ဘာသာသာသနာကိုးကွယ် မှုဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ဆန့် ကျင်ဖောက်ဖျက် ကျူးလွန်ကာ ဟောကြားမှုတွေ ပြု လုပ်နေတာတွေကို တည်ဆဲဥပဒေတွေနဲ့အညီ အရေး ယူပေးဖို့ အချက်တွေပါဝင်ပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးများနဲ့ ဂုဏ် သိက္ခာကို စော်ကားထိခိုက်တဲ့ ဟောကြားချက်တွေကို ဆောင် ရွက်နေတဲ့အတွက် ဥပဒေနဲ့အညီ အရေးယူ ပေးဖို့ စတဲ့ အချက်သုံးချက်နဲ့  အဓိက တိုင်းကြားထားတာဖြစ်တယ်လို့  ဦးခင်မောင်မြင့်က ပြောပါတယ်။

”ဖေဖော်ဝါရီ  ၉ ရက် ၂၀၁၇ တွင် ဧရာဝတီတိုင်း ငပု တောမြို့နယ် ကျုံးကူးကျေးရွာ၌ ကျင်းပသော တရားပွဲ၌ ဦးဝိစိတ္တာ ဘိဝံသ (ဦးဝီရသူ)ပြောကြားသည့် (ဒို့တာဝန်အရေးသုံးပါးနှင့် ၉၆၉ တရားတော်)အမည်ရ ဟောပြော ချက်မှာ ဗုဒ္ဓသာသနာ၏ ပဋိကတ် သုံးပုံ၊ နိကာယ်ငါးရပ်တွင် အပါ အဝင် မည်သည့်တရားဒေသနာ တော်မှ ပါဝင်ခြင်းမရှိဘဲ ဗုဒ္ဓဘာ သာဝင် အမျိုးသမီးများအား အရက်သမား၊ ဘိန်းစား၊ ခွေး၊ သံဃာများနှင့် ပေါင်းသင်းဆက် ဆံရန် တိုက်တွန်းထားသည့် ဓမ္မ နှင့်အညီမဟုတ်သော ဟောပြော ချက်ဖြစ်ပါသည်။ ” တိုင်ကြားစာမှာ ထောက်ပြပြောဆိုထားပါတယ်။

”တုန့် ပြန်တရားစွဲခြင်းမဟုတ်ပါဘူး။ ကိုဆွေဝင်းရဲ့  သတင်းစာရှင်းလင်းပွဲကို ပြန်ကြည့်မယ်ဆိုရင်လည်း အဖြေပေါ်ပါတယ်။ အဲဒီမှာ ကိုဆွေဝင်းက မဟနနဲ့ နိုင်ငံတော်အဖွဲ့ အစည်းတွေက မဘသနဲ့  ဦးဝီရသူရဲ့  ဆောင်ရွက်ချက်တွေကို အရေးယူသင့်ပါလျက်နဲ့ အရေးမယူသည့်အတွက် သူ့ အနေနဲ့  ဒါတွေကို ရေးရခြင်းဖြစ်တယ်လို့ ပြောထားပါတယ်။ သူမူလကတည်းက ဆောင်ရွက်မယ့် ဆောင်ရွက်ချက်ပါ။တုန့် ပြန်မှုမဟုတ်ပါဘူး။” လို့  ဦးခင်မောင်မြင့်က ပြောပါတယ်။
မဟနအဖွဲ့ က တရာဟောခွင့်ပိတ်ပင်တဲ့ ထုတ်ပြန်ချက်ပေါ်ထွက်လာပြီးတဲ့ နောက်ပိုင်းမှာလည်း ဦးဝီရသူဟာ ပါးစပ်တိပ်နဲ့  ကပ်လျက် ဝစီပိတ်တရားပွဲတွေကို ကျင်းပကာ နိုင်ငံတော်ရဲ့  ဥပဒေပြဋ္ဌာန်းချက်တွေ၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ရဲ့  ထုတ်ပြန် ချက်တွေကို မထီမဲ့မြင် ဆန့်ကျင်ဆောင်ရွက်ခဲ့တယ်လို့ လည်း တိုင်းကြားစာမှာ ထပ်မံဖော်ပြထားပါတယ်။

ဦးဝီရသူဟာ ဘာသာတစ် ခုနှင့်တစ်ခုအကြား အမုန်းတရား ပွားပြီး ဘာသာရေးအဓိကရုဏ်း ဖြစ်စေနိုင်တဲ့ ဟောပြောမှုတွေ၊ အမုန်းတရားကြီးထွားစေဖို့  လှုံ့ ဆော်ဟောပြောမှုတွေ၊ တရား ဥပဒေစိုးမိုးရေးကို အဟန့်အတား ဖြစ်စေတဲ့ ဟောပြောမှုတွေနဲ့  နိုင်ငံရေးပါတီတွေအကြား ဘက် လိုက်ဝေဖန် ဟောပြောမှုတွေကို ဒေသအနှံ့ ကြိမ်ဖန်များစွာပြုလုပ်ခဲ့တာကြောင့် တစ်နိုင်ငံလုံးမှာတရားဟောခွင့် တစ်နှစ်ပိတ်ပင်ခံထားရတာဖြစ်ပါတယ်။

တရားဟောပြောခွင့် ပိတ်ပင်ခံထားရတဲ့ ဆရာ တော် ဦးဝီရသူဟာ အိမ်မဲ၊ မြစ်ကြီးနား၊ မိတ္ထီလာနဲ့ သန်လျင်မြို့ နယ်တွေမှာ ပါးစပ်ကို တိပ်နဲ့ ပိတ်ကာ ဆရားပွဲတွေ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။
တရားဟောခွင့် တစ်နှစ်ပိတ် ပင်ခံထားရတဲ့ ဆရာတော် ဦးဝီ ရသူအနေနဲ့  ဆက်လက်တရား ဟောပြောပါက အာဏာဖီဆန်မှုနဲ့  ဖမ်းဆီ ထောင်ချနိုင်တယ်လို့  နိုင်ငံတော်သံဃမဟာနာယကအ ဖွဲ့ (မဟန) ဥက္ကဋ္ဌ ဗန်းမော်ဆရာ တော်က မတ်လ ၂၇ ရက်၌ မိန့် ကြားထားပါတယ်။

” တိုက်ဆိုင်တာက လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်း ကိုဆွေဝင်းက ဒီဟာတွေကို တင်ဖို့ စာကြမ်း တွေရေးတယ်။ ကျွန်တော်ကိုလည်း ဥပဒေအကြံအဥာဏ်တွေတောင်းထားတယ်။သူစာထဲမှာပါတဲ့ စကားလုံးတွေကို စီစစ်တယ်။နောက်ဥပဒေတွေကို ပြန်စစ်တယ်။ ရည်ညွှန်းကိုးကားတဲ့ ဥပဒေတွေကိုလည်း စီစစ်တယ်။ ဒါတွေစီစစ်နေတုန်းမှာ မဟနဥက္ကဌဆရာတော်ကြီးက ဦးဝီရသူကို ထောင်ချနိုင်တယ်ဆိုတဲ့ မိန့် မှာချက်ကို မိန့် တယ်။ အဲဒါကတော့ တိုက်ဆိုင်မှုပါ။ ကျွန်တော်တို့ စာနဲ့ ပတ်သတ်ပြီးစီစစ်နေတုန်းသူက မိန့် မှာသွားတာပါ။ ဆရာတော်ကြီးမိန့် လို့  တင်ပြတာမဟုတ်ပါဘူး။ ” လို့  ဦးခင်မောင်မြင့်က ပြောပါတယ်။

တိုင်ကြားစာပေးပို့ ထားတဲ့ ဌာနသုံးခုထံက တုံ့ ပြန်မှုတစ်စုံတစ်ယောက်မရသေးပေမယ့် တည်ဆဲဥပဒေတွေနဲ့ အညီအရေးယူပေးဖို့ မျှော်လင့်ပါတယ်လို့ ဦးခင်မောင်မြင့်က ပြောပါတယ်။
ကိုဆွေဝင်းကို ဆရာတော်ဦးဝီရသူရဲ့ စေခိုင်မှုနဲ့  မဘသအဖွဲ့ ဝင် ဖြစ်သူ ကိုကျော်မျိုးဆွေက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့  မတ်လ ၇ ရက်နေ့ က မန္တလေးမြို့ မှာ တရားစွဲဆိုထားပါတယ်။ ဒါ့အပြင် အမျိုးသားရေးလှုပ်ရှားသူ ကိုသက်မျိုးဦးဆိုသူကလည်း ကိုဆွေဝင်းကို သာသနာညှိုးနွမ်းစေမှုနဲ့ အရေးယူပေးဖို့  မတ်လ၁၉ ရက်က ကျောက်တံတားမြို့နယ် တရားရုံးကို ဦးတိုက်လျှောက် တိုင်ကြားထားတာဖြစ်ပါတယ်။ချမ်းသာ(kumudra)




No comments:

Post a Comment