Latest News

Tuesday, March 7, 2017

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မီးလောင်၊ အဘွားအို ၁ ဦး သေဆုံး

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မီးလောင်၊ အဘွားအို ၁ ဦး သေဆုံ



ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ အုမ်းတက်ရွာ မတ်လ ၇ ရက်နေ့ မနက် ၁ နာရီခွဲလောက်မှာ မီးလောင်တဲ့အတွက် အိမ် ၂ လုံး ဆုံးရှုံးခဲ့ပြီး အဘွားအို ၁ ဦးပါ သေဆုံးသွားပါတယ်။

အုမ်းတက်ရွာ ဒေသခံတဦးက “လောင်တာက မနက် ၁ နာရီခွဲမှာ စလောင်တာ။ စလောင်တဲ့ အိမ်မှာ နေမကောင်းတဲ့ အသက် ၇၀ ကျော် အဘွားကြီးတယောက်က မီးဖိုဘေးနားမှာ အိပ်နေတာ။ အဲကနေ စလောင်တာပဲ။ လောင်တော့ သူလည်း လန့်ပြီး ဆုံးသွားတယ်” လို့ ပြောပါတယ်။

မီးက ဦးအုန်းမောင်အိမ်က စတင်လောင်ကျွမ်းခဲ့ပြီး ဦးအောင်အေး အိမ်ဘက်ကို ကူးလာတာကြောင့် ရွာသားတွေ ဝိုင်းဝန်းငြှိမ်းသတ်လို့ ၃ နာရီလောက်မှာ မီးငြိမ်းသွားခဲ့ပါတယ်။

အုမ်းတက်ရွာမှာ အရင် မီးလောင်ကျွမ်းတာ မရှိခဲ့ဖူးဘဲ အခု မီးလောင်ကျွမ်းမှုက ပထမဆုံး အကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်ဆန်ဒေသမှာ မီးပေါ့ဆတဲ့အတွက် မကြာခဏ မီးလောင်ကျွမ်းခဲ့ပြီးတော့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၄ ရက်က လောင်ကျွမ်းခဲ့တဲ့ မီးဟာ နမ့်ဆန်မြို့ရဲ့ ၃ ပုံ ၂ ပုံ မီးလောင်ခဲ့ဖူးပါတယ်။

သတင်း - နိုင်နိုင်

DVB

No comments:

Post a Comment