Latest News

Tuesday, March 7, 2017

မန္တလေးသင်္ကြန်တွင် အလှပြယာဉ်များနှင့် သံချပ်အဖွဲ့များ ပေါ်ပေါက်လာရန်ပံ့ပိုးကူညီမှုများလိုအပ်ဟုဆို

မန္တလေးသင်္ကြန်တွင် အလှပြယာဉ်များနှင့် သံချပ်အဖွဲ့များ ပေါ်ပေါက်လာရန်ပံ့ပိုးကူညီမှုများလိုအပ်ဟုဆို

မန္တလေး၊ မတ် ၇

စီးပွားရေးအခက် အခဲ၊ ငွေရေးကြေးရေးအခက်အခဲ များကြောင့် မန္တလေးဒေသခံများ သင်္ကြန်ပွဲတော်ကို စိတ်ပါဝင်စားမှု နည်းပါးလာပြီး အရပ်ဘက်အလှပြ ယာဉ်များနှင့် သံချပ်အဖွဲ့များပေါ် ပေါက်လာစေရန် ပံ့ပိုးကူညီမှုများလို အပ်နေကြောင်း မြို့မအပျော်တမ်း တူရိယာအသင်း
ဥက္ကဋ္ဌ ဒေါက်တာ လှခိုင်က ပြောကြားသည်။

""ကျွန်တော်တို့ငယ်ငယ်တုန်းက မန္တလေးသင်္ကြန်မှာ အလှပြယာဉ်ရှိ တယ်။ ရပ်ကွက်တိုင်းလိုလိုထွက်ကြ တယ်။ တစ်ရက်ကို တစ်ကျပ်စု၊ ငါး မူးစုနဲ့ တစ်နှစ်လောက်စုပြီး အလှပြ ယာဉ်တွေနဲ့ ဖျော်ဖြေမှုတွေထွက်ကြ တယ်။ ကျွန်တော်တို့ မြို့မအသင်းက တစ်နှစ်ကို အလှပြယာဉ်နဲ့လည်ဖို့ဆို ရင်အလှပြယာဉ်ပြင်ဆင်မှုက အနည်း ဆုံး ကျပ်သိန်းငါးဆယ်ပတ်ဝန်းကျင် ကုန်တယ်။ ယခင်နှစ်က မန္တလေး သင်္ကြန်မှာ ရန်ကုန်အဆိုတော်တွေ ငှားရင် အနည်းဆုံးကျပ်သိန်းနှစ် ထောင်ကျော် သုံးထောင်လောက် ကုန်တယ်လို့ကြားရတယ်။ အဲဒါတွေ ကိုများ အလှပြယာဉ်တစ်စီးထွက်ရင် ဘယ်လောက်ပံ့ပိုးပေးမယ်လို့ပြော ရင် များများထွက်လာမှာပါ။ အဲဒီ လိုပေးလိုက်ရင်ပိုကောင်းမယ်""ဟု လည်းကောင်းက ပြောသည်။

၁၉၉၀ ပြည့်နှစ်ဝန်းကျင်က မန္တလေးသင်္ကြန်တွင် ရပ်ကွက်အလိုက် သာမက စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများကပါ အလှပြယာဉ် များ၊ သံချပ်အဖွဲ့များ၊ မဏ္ဍပ်များ ပြုလုပ်ခဲ့ကြပြီး အလှပြယာဉ် ၅၀ မှ ၁၀ဝ ကြား၊ အကမဏ္ဍပ် ၅၀ မှ ၁၀ဝ ကြား၊ သံချပ်အဖွဲ့ ၂၅ ဖွဲ့မှ ၅၀ ကြားထွက်ပေါ်ခဲ့ပြီး မြို့မအသင်း၊ သင်္ခဟအသင်း၊ နုယဉ်အသင်း၊ တေး ချစ်သူအသင်း စသည့်မြန်မာမှုတီး ဝိုင်းတွေ များစွာရှိခဲ့သည်။
မန္တလေးတိုင်းဒေသကြီးတွင် ယခင်နှစ်က မန္တလေးခရိုင်၊ ကျောက် ဆည်ခရိုင်၊ ပြင်ဦးလွင်ခရိုင်နှင့် မိတ္ထီလာတို့မှ အလှပြဖျော်ဖြေရေး ယာဉ်များထွက်ကြသည်။

မြို့မအပျော်တမ်းတူရိယာ အသင်း၏ သင်္ကြန်အလှပြယာဉ်ကို ယခင်နှစ်က အမြင့်ပေ ၃၀ နှင့် အကျယ် ၁၂ ပေပြုလုပ်ခဲ့ရာ သွား လာရအခက်အခဲများကြောင့် ယခု နှစ်တွင် အမြင့်ပေ ၂၅ ပေနှင့် အကျယ် ၁၀ ပေရှိ သင်္ကြန်အလှပြယာဉ်ကို ဧပြီလဆန်းပိုင်းတွင် စတင်ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
AXE
Democracytoday

No comments:

Post a Comment