Latest News

Wednesday, March 8, 2017

ထိုင်းတွင် မြန်မာလူငယ် အလုပ်သမား ၁ ဦး ဓားဒဏ်ရာများဖြင့် သေဆုံး

ထိုင်းတွင် မြန်မာလူငယ် အလုပ်သမား ၁ ဦး ဓားဒဏ်ရာများဖြင့် သေဆုံ


ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ အသက် ၁၉ နှစ်အရွယ် မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်တဦးဟာ ဓားဒဏ်ရာတွေနဲ့ အလုပ်သမားဆောင်အခန်းတွင်းမှာ သေဆုံးနေခဲ့ တာကို ရဲတွေက တွေ့ရှိခဲ့ကြပါတယ်။

    ဒီအဖြစ်အပျက်ဟာ မတ်လ ၈ ရက်နေ့ည ၁၀ နာရီခွဲလောက်မှာ ရာဆဒါဒေသ၊ သက်ပ်ကာဆက်ထရီလမ်းမပေါ်က ဘတ်စ်ကားမှတ်တိုင်အနီးမှာ ဖြစ်ခဲ့တာလို့ ဖူးခက်သ တင်းတပုဒ်မှာ ဖော်ပြပါတယ်။

    သတင်းပေးချက်အရ ရဲတွေရောက်ရှိခဲ့ချိန်မှာတော့ သေဆုံးသူ တေဇာအောင်ဟာ အခန်းတွင်းမှာ ခန္ဒာကိုယ်အနှံ့ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာကို တွေ့ခဲ့ရတယ်လို့  ဖူးခက်မြို့တော်ရဲတပ်ဖွဲ့မှ ဗိုလ်မှူးကြီး ချာလီရော် ထိုင်းလူက ပြောပါတယ်။

    လက်ရှိမှာတော့ သေဆုံးသူရဲ့ အလောင်းကို ဗက်ချီရာဖူးခက်ဆေးရုံကို ပို့ဆောင် ထားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

    ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဗိုလ်မှူးကြီး ချာလီရော်က “ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ စုံစမ်းစစ်ဆေးဆဲဖြစ်တာမို့ မှတ်ချက်မပေးနိုင်သေးပါဘူး။ ဒါပေမယ့် အမှန်တရားအတွက် ကျနော်တို့ စုံစမ်းဖော်ထုတ်သွားမှာပါ”လို့ ပြောပါတယ်။

DVB

No comments:

Post a Comment