Latest News

Sunday, March 5, 2017

နေပြည်တော်မှာ ဝရမ်းထုတ်ထားတဲ့ တရားခံပြေး ၉၀၀ ကျော်ရှိနေ

နေပြည်တော်မှာ ဝရမ်းထုတ်ထားတဲ့ တရားခံပြေး ၉၀၀ ကျော်ရှိနေ

တစ်နှစ်ကို ပျမ်းမျှ တရားခံပြေး ၇၀ ဖမ်းဆီးရမိနေတယ်လို့ ဆိုပါတယ်။

နေပြည်တော်မှာ ဖမ်းဝရမ်းထုတ်ထားတဲ့ စစ်ပြေး၊ ရဲပြေး၊ တရားခံပြေး၊ ရဲဘက်ပြေးစတဲ့ တရားခံပြေး စုစုပေါင်း ၉၀၀ ကျော်ရှိနေတယ်လို့ နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးဇော်ခင်အောင်က ပြောပါတယ်။

‘‘အဲဒီ ၉၀၀ ကျော်က ခေတ် အဆက်ဆက်ကအပြီးမသတ်တာ တွေ၊ ၂၀၀၂၊ ၂၀၀၃ နေပြည်တော်စပြီး တည်ဆောက်ချိန်ကတည်းက တချို့ကလည်း မူးယစ်ဆေးဝါးတရားခံတွေ၊ သာမန်နာကျင်မှု၊ ဆဲဆိုမှု ဒီလိုတရားခံတွေပေါ့’’လို့ ရဲမှူးကြီးဇော်ခင်အောင်က ပြောပါတယ်။

အရင်တုန်းက တစ်နှစ်ကို ပျမ်းမျှ တရားခံပြေး ၇၀ ဖမ်းဆီးရမိနေပေမယ့် လက်ရှိအချိန်မှာ တရားခံပြေးတွေဖမ်းဆီးတာတွေကို စီမံချက်နဲ့ လုပ်ဆောင်နေပြီး ဖေဖော်ဝါရီအတွင်း ၂၀ ဦး ဖမ်းဆီးရမိခဲ့သည်ဟု ၎င်းကပြောသည်။

‘‘တရားခံပြေး ထပ်တိုးနေ တာလည်း  အဲဒီလောက်ပဲ ထပ်တိုးနေတယ်။ ဒါကို ပိုပြီးတော့ မိ အောင်ဖမ်းနိုင်ရင် ပိုပြီးတော့ အ ရေအတွက်တွေ ကျသွားမှာပေါ့’’လို့ ရဲမှူးကြီးဇော်ခင်အောင်က  ဆိုပါတယ်။

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မှာ လုံခြုံရေးတာဝန်ကျ ရဲဝန်ထမ်းများကို ဖေဖော်ဝါရီလဆန်းကစပြီး လက်နက်ကိုင် ဆောင်ခွင့်ပြုထားကာ နယ်မြေလုံခြုံရေးကိုလည်း တိုးမြှင့်ဆောင် ရွက်နေတယ်လို့ သိရပါတယ်။
Source : 7DayDaily : Duwun


No comments:

Post a Comment