Latest News

Thursday, March 9, 2017

ကိုဆွေဝင်းကို အမှုဖွင့်ထားတာ မဘသဘက်က ရုတ်သိမ်းမယ်

ကိုဆွေဝင်းကို အမှုဖွင့်ထားတာ မဘသဘက်က ရုတ်သိမ်းမယ်

အမှုဖွင့်ထားတဲ့ မဘသအဖွဲ့ဝင် ဦးကျော်မျိုးရွှေက ပြောခဲ့တာပါ။

Myanmar Now အယ်ဒီတာချုပ်ကိုဆွေဝင်းကို မဘသ ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူနဲ့ ပတ်သတ်တဲ့ သတင်းတစ်ပုဒ်ကြောင့် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ထားတာကို ပြန်လည်ရုတ်သိမ်းသွားဖို့ စီစဉ်နေတယ်လို့ အမှုဖွင့်တိုင်ကြားသူဖြစ်တဲ့ အထက်မြန်မာပြည် မဘသအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးကျော်မျိုးရွှေက ပြောပါတယ်။

"အမှန်အတိုင်းပြောရရင် ကျွန်တော့်ဆန္ဒအရ အမှုရုပ်သိမ်းဖို့မရှိပါဘူး။ ကျွန်တော့်စတေးတပ်အတိုင်းပဲ ကျွန်တော့် အမေကြီးက အမှုရင်ဆိုင်လိုက်လို့ တစ်ဖက်မိသားစု ကျွန်တော့်ကြောင့် ဒုက္ခရောက်သွားရင် ဘာသာရေးအရ ငရဲကြီးလိမ့်မယ်ဆိုပြီး ပူပူလောင်လောင်တွေဖြစ်လိမ့်မယ်ဆိုပြီး ပြောလာတဲ့အခါကျတော့ အမေကြီးစိတ်ချမ်းသာအောင် ဟုတ်ကဲ့ပါလို့ ကတိပေးလိုက်တာဗျ"လို့ ဦးကျော်မျိုးရွှေက ပြောပါတယ်။

ဒါပေမယ့် ဘယ်နေ့ဘယ်ရက်မှာ အမှုရုတ်သိမ်းမယ်ဆိုတာကို ပြောလို့မရသေးဘဲ မိခင်ဖြစ်သူကိုနားလည်အောင် မစိုးရိမ်ဖို့ ပြောကြည့်လို့ရရင်တော့ ရှေ့ဆက်လျှောက်သွားမယ်လို့ ဦးကျော်မျိုးရွှေက ပြောပါတယ်။

မဘသဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူက ဒုစရိုက်သမားတစ်ဦးဖြစ်ပြီး မဘသအကြောင်းရေးခဲ့တဲ့ သတင်းနဲ့ပတ်သတ်ပြီး တောင်းပန်စရာမရှိဘူးလို့ Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းက မတ်လ ၈ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ဆရာတော်ဦးဝီရသူရဲ့ စေခိုင်းမှုနဲ့ မန္တလေး မဘသအဖွဲ့ဝင် ဦးကျော်မျိုးရွှေက ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ အရေးယူပေးဖို့ မတ်လ ၇ ရက်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၇)နယ်မြေရဲ စခန်းမှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
Source : 7DayDaily : Duwun

No comments:

Post a Comment