Latest News

Sunday, March 5, 2017

မြောက်ကိုရီးယား ဒုံးကျည်လေးစင်း စမ်းသပ်ပြီး ဂျပန်ကမ်းလွန်သို့ သုံးစင်းကျရောက်

မြောက်ကိုရီးယား ဒုံးကျည်လေးစင်း စမ်းသပ်ပြီး ဂျပန်ကမ်းလွန်သို့ သုံးစင်းကျရောက်



မြောက်ကိုရီးယားသည် ဂျပန်ပင်လယ်ဘက်သို့ ဒုံးကျည်လေးစင်း စမ်းသပ် ပစ်လွှတ်ခဲ့ပြီး သုံးစင်းမှာ ဂျပန်ပိုင်နက် အနီးတွင် ကျရောက်ခဲ့ကြောင်း သိရသည်။


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မိမိတို့သည် မြောက်ကိုရီးယား ဒုံးကျည်များ၏ လားရာကို သတိကြီးကြီး စောင့်ကြည့်ခဲ့ပြီး သုံးစင်းမှာ ဂျပန်ကမ်းလွန်မှ ရေမိုင် ၂၀၀ မျှအကွာ ပင်လယ်ပြင်ထဲ ကျဆင်းခဲ့ကြောင်း မတ် ၆ ရက်တွင်
ပြောကြားခဲ့သည်။ အမေရိကန်ကလည်း မြောက်ကိုရီးယား စစ်တပ်သည် အရှေ့ဘက် ပင်လယ်ပြင်သို့ ဒုံးကျည်လေးစင်း ပစ်ခတ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

အမေရိကန် အစိုးရက အဆိုပါ ဒုံးကျည်များသည် တိုက်ချင်းပစ် ဒုံးကျည်များ ဖြစ်နိုင်သည်ဟု ဆိုသော်လည်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနကမူ တိုက်ချင်းပစ် ဒုံးကျည်အဆင့် မဟုတ်နိုင်ဟု မှတ်ချက်ပေးခဲ့သည်။

ဒုံးကျည်သုံးစင်းသည် ဂျပန်၏ အထူးစီးပွားရေးဇုန် ရေပြင်ဧရိယာ အစပ်တွင် ကျရောက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရေပိုင်နက်ဇုန်ကို ကမ်းခြေမှ ရေမိုင် ၂၀၀ ထိ ချဲ့ထွင် သတ်မှတ်ထားသည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့က နှစ်စဉ် ကျင်းပလေ့ရှိသည့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှု အစပြုပြီး ရက်အနည်းငယ်အတွင်း မြောက်ကိုရီးယားက ယခုလို တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ မြောက်ကိုရီးယားက ယင်းစစ်ရေး
လေ့ကျင့်မှုသည် ၎င်းတို့ကို ကျူးကျော်စစ်ပြုရန် လေ့ကျင့်ခြင်းဟု စွပ်စွဲထားသည်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက မြောက်ကိုရီးယားမှ ပစ်လွှတ်သော ဒုံးကျည်အချို့သည် မိုင်ပေါင်း ၆၂၀ မျှ အကွာအဝေးထိ ပျံသန်းသွားခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ဒုံးကျည်များကို နိုင်ငံမြောက်ပိုင်း
ပြောင်ဂန်ဒေသရှိ တွန်ချန်ရီ ပစ်စင်မှ အခြေပြု ပစ်ခတ်ခြင်းဟုလည်း သိရသည်။

တောင်ကိုရီးယား ယာယီသမ္မတ ဟွမ်ကျိုအန်းက နိုင်ငံ၏ အမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူပြီး မြောက်ကိုရီးယား၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။ “ဒါဟာ နိုင်ငံတကာ သတ်မှတ်ချက်တွေကို ဖောက်ဖျက်တာ၊ နိုင်ငံတကာ အသိုက်အဝန်းကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်တာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် သီတင်းပတ်များ အတွင်းကလည်း ပူဂွတ်ဆောင်-၂ ဟု အမည်ပေးထားသည့် မျိုးဆက်သစ် တာလတ် ဒုံးကျည်သစ် တစ်မျိုးကိုလည်း အောင်မြင်စွာ စမ်းသပ် ပစ်ခတ်ခဲ့ပြီး ဖြစ်သည်။

Ref: CNN

7Day News Journal

No comments:

Post a Comment