Latest News

Wednesday, March 1, 2017

ဟင်္သာတတွင် အမျိုးသား တစ်ဦး ရေနစ်သေဆုံး


မဇ္ဈိမ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် လယ်သမားရပ်ကွက်၊ ဦပါရဲဘုရား
တာကြီးဘေးရှိ ရေကန်အတွင်းအမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးကြာင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၁ ရက်တွင် ထုတ်ပြန်သည်။

ယနေ့ ညနေ ၃ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဟင်္သာတခရိုင်၊ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသွားရောက်၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ညနေ ၃နာရီ ၄၅ခန့်တွင် ရေနစ်သူ အလောင်းအား တွေ့ရှိခဲ့သည်။

ရေနစ်သေဆုံးသူ၏အလောင်းအား ဟင်္သာတမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

No comments:

Post a Comment