Latest News

Thursday, March 2, 2017

ကားဈေးများတက်ပြီး အရောင်းအဝယ်ကျဆင်းနေ

ကားဈေးများတက်ပြီး အရောင်းအဝယ်ကျဆင်းနေ

မင်္ဂလာမန္တလေးဧရိယာအတွင်း မိတ်ဆက်ပြသထားသော ကားအသစ်များအား လေ့လာနေကြသူများကို ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ်။ ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)မင်္ဂလာမန္တလေးဧရိယာအတွင်း မိတ်ဆက်ပြသထားသော ကားအသစ်များအား လေ့လာနေကြသူများကို ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ်။ ဖြိုးဝေကျော် / မြန်မာတိုင်း(မ်)

ကားတင်သွင်းခွင့်မူဝါဒ အပြောင်းအလဲများနျှင့် အခွန်ကိစ္စများကြောင့် ကားဈေးကွက်အတွင်း ကား
ဈေးများမြင့်တက်နေပြီး အရောင်းအဝယ်မှာမူ ကျဆင်းအေးစက်နေကြောင်း ကားအရောင်းအဝယ်
လုပ်ကိုင်နေသူများက ပြောသည်။

ဖေဖော်ဝါရီ ၂၄ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင် အင်ဂျင်ပါဝါ ၁၅ဝဝ စီစီ
အထက်ကားများကို အထူးကုန်စည်ခွန် ရာခိုင်နှုန်း ၂ဝ မှ ၅ဝ အထိကောက်ခံရန်သတ်မှတ်သည့်
အပြင် ဝင်ငွေခွန်ဆောင်ရမည်ဖြစ်ခြင်း၊ မူဝါဒသစ်အရလည်း မော်ဒယ်မြင့်ဘယ်မောင်းများသာ
တင်သွင်းရမည့်သတ်မှတ်ချက်များကြောင့် ဈေးကွက်အတွင်းရှိ ကားဈေးနှုန်းများ မြင့်တက်ကာ
အရောင်းအဝယ်မှာမူ ကျဆင်းနေကြောင်း ပြောသည်။

''ကားတွေက အင်ဂျင်ပါဝါအလိုက် ၅ဝ ရာခိုင်နှုန်းအထိ အခွန်ဆောင်ကြရတော့မယ်။ အခုအရောင်း
အဝယ်မှာ အဓိကကြုံရတဲ့အခက်အခဲက ကားဈေးတက်တဲ့အပေါ်မှာ အရောင်းအဝယ်ကျတာပေါ့။
ရာခိုင်နှုန်းအနေနဲ့ဆို ပျမ်းမျှ ၆ဝ ရာခိုင်နှုန်းလောက် အရောင်းအဝယ်ကျကြတယ်။ ကားဈေးနှုန်း
တွေက တစ်စီးကို အောက်ခံကျပ်သိန်း ၄ဝ လောက်တက်တယ်'' ဟု မန္တလေးမြို့ရှိုSky Kyaw ကား
အရောင်းပြခန်းမှ ကိုဇာနည်က ဖေဖော်ဝါရီ ၂၅ ရက် တွင် ပြောသည်။

မန္တလေးမြို့ ပြည်ကြီးမျက်ရှင် ကားရောင်းဝယ်ရေးစခန်းမှ အတွင်းရေးမှူးဦးဝင်းမြင့်ဦးက ကားဈေး
နှုန်းများမြင့်သော်လည်း ပြီးခဲ့သောဒီဇင်ဘာလအတွင်း တစ်ဦးချင်းမော်တော်ယာဉ်တင်သွင်းခွင့်
ပါမစ် (ဖရီးပါမစ်) ထုတ်ပေးခြင်းကို ရုတ်တရက်ရပ်ဆိုင်းလိုက်စဉ်က ဖရီးပါမစ်ကားများ ရုတ်တရက်
 ဈေးထိုးတက်ခဲ့သော ဈေးနှုန်းလောက်မူမမြင့်မားတော့ကြောင်း ပြောသည်။

''နံပါတ်ထွက်ပြီးတဲ့ ဖရီးပါမစ် ကားဈေးနှုန်းတွေက ပျမ်းမျှအောက်ထစ် ကျပ်သိန်း ၁၄ဝ အထက်မှာ
ရှိနေပါတယ်။ အရောင်းအဝယ်ကတော့ အေးပါတယ်။ စီးဖို့ဝယ်မယ့်သူထက် ဝယ်ရောင်းအချင်းချင်း
ဝယ်ထိန်းနေတဲ့သဘောပဲ ရှိပါတယ်။ ဒီမူဝါဒအတိုင်းဆိုရင်တော့ ကားဈေးတွေက မြင့်နေဦးမယ့်
သဘောရှိပါတယ်။ ကားတစ်စီးတင်သွင်းဖို့ဆိုတာလည်း တော်တော်ခက်ခဲသွားပြီ''ဟု ဦးဝင်းမြင့်ဦး
က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောသည်။

ကားတင်သွင်းခွင့် မူဝါဒသစ်အရ တင်သွင်းကြရမည့် ဘယ်မောင်းကားဈေးကွက်မှာ ကျယ်ပြန့်မှုမရှိ
သေးပဲ အချိန်ယူရဦးမည်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်း အရောင်းအဝယ်မှာ ထူးထူးခြားခြား
သွက်လက်နိုင်ခြေမရှိပဲ ဆက်လက်အေးနေနိုင်ကြောင်း ဦးဝင်းမြင့်က ပြောသည်။

The Myanmar Times

No comments:

Post a Comment