Latest News

Tuesday, March 14, 2017

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် နေ့စားလပေး ကျောင်းဆရာ၊  ဆရာမတွေ ခေါ်ယူ

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် နေ့စားလပေး ကျောင်းဆရာ၊  ဆရာမတွေ ခေါ်ယူ

ရန်ကုန်၊ မတ် ၁၀ - လာမယ့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် နေ့စား လပေး ကျောင်းဆရာ၊ ဆရာမတွေလျှောက်ထားနိုင်တယ်လို့ပညာရေးဝန်ကြီး ဌာနကသိရပါတယ်။  ရရှိထားတဲ့ ဘွဲ့တွေအလိုက်အသက်ကန့်သတ်ချက် ရှိတယ်၊ အသက် ၄၀ အောက် အထိပါတယ်၊ လိုအပ်ချက်ပေါ်မူတည်ပြီး လူဦးရေကို ကြည့်ခေါ်ရမှာပါ၊ လျှောက်ထားတဲ့အနေအထားပေါ်လဲ မူတည်တယ်၊ တစ်နိုင်ငံလုံးအတိုင်းအတာလဲ အကျုံးဝင်မယ်၊ ဆရာ၊ ဆရာမလိုအပ်ချက် ကတော့ရှိနေသေးတယ်ဆိုတော့ တဖြည်းဖြည်း ထပ်ဖြည့်ရမှာပေါ့လို့ ပညာရေးဝန်ကြီးဌာန နေပြည်တော်က အဆင့် မြင့်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အသက်ကန့်သတ်ချက်အရ ပီအိတ်ခ်ျ ဒီဘွဲ့ရရှိပြီးပါက အသက် ၄၀နှစ်အောက်၊ မာစတာဘွဲ့ရရှိပြီးပါက အသက် ၃၅ နှစ် အောက်နဲ့ ဘွဲ့ဒီဂရီ ဘွဲ့ရရှိပြီးပါက အသက် ၃၀ နှစ်အောက်သတ်မှတ်ထားပြီး အသက်ကန့်သတ်ချက်တွေ ကို ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်နဲ့ တွက်ချက်မယ်လို့သိရပါတယ်။

လျှောက်လွှာနဲ့အတူ ဘွဲ့လက်မှတ်မိတ္တူ ဒါမှမဟုတ်ဘွဲ့ရကြောင်းထောက်ခံစာမိတ္တူ၊တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူတွေကို ပူးတွဲပေးပို့ရမှာဖြစ်ပြီးသက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးတွေကနေတစ်ဆင့်ပေးပို့လျှောက် ထားရမယ်လို့ သိရပါတယ်။

လျှောက်လွှာတွေကို ဧပြီလ ၁ ရက်နေ့ ကနေစတင်လျှောက်ထားနိုင်ပြီး ဧပြီလ ၂၂ရက်နေ့ နောက်ဆုံးထားလျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်ထားသူတွေအနေနဲ့ လူတွေ့ရောရေးဖြေစာမေးပွဲတွေကို ဖြေဆိုရမှာဖြစ်ပြီး အင်္ဂလိပ်စာနဲ့ အထွေထွေဗဟုသုတ ဘာသာရပ်တွေဖြေဆိုရမှာ ဖြစ်ပါတယ်။

ဧပြီလ ၃၀ ရက်နေ့မှာ အင်္ဂလိပ်စာနဲ့ အထွေထွေ ဗဟုသုတဘာသာရပ်ဖြေဆိုရ မှာဖြစ်ပြီး မေလ ၁၀ ရက်နေ့မှ ရေးဖြေအောင်စာရင်းတွေကိုထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။ လူတွေ့စစ်ဆေးမှုတွေကို မေလ ၁၄ ရက်နေ့ပြုလုပ် မှာဖြစ်ပြီး ခန့်ထားသူတွေစာရင်း ကို မေလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။

မေသော်တာမောင်

Kumudra


No comments:

Post a Comment