Latest News

Tuesday, March 14, 2017

အောင်သမာဓိ မှ မဖြူဖြူအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

အောင်သမာဓိ မှ မဖြူဖြူအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

အန္တရာယ်လည်းများသလို တာဝန်လည်းကြီးပါတယ် အောင်သမာဓိ စိန်ရွှေရတနာလုပ်ငန်း ဒါရိုက်တာအဖွဲ့ဝင် မဖြူဖြူအောင်နှင့် တွေ့ဆုံမေးမြန်းခြင်းဖြစ်ပါတယ်

ရုပ်ရှင်ထူးချွန်ဆုပေးပွဲတက်ရောက်မယ့် အနုပညာရှင်တွေကို ကျပ်သိန်းတစ်သောင်းနီးပါးတန်ဖိုးရှိ လက်ဝတ်ရတနာတွေ ဆင်မြန်းပေးမှာဖြစ်ပါတယ်။

မန္တလေး၊ မတ် ၁၂ - ယခုလ ၁၈ ရက်မှာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ  တက်ရောက်မယ့် အနုပညာရှင်တွေကို ကျပ်သိန်းတစ်သောင်းနီးပါးတန်ဖိုးရှိ လက် ဝတ်ရတနာတွေကို ဆင်မြန်းပေးတာနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားမှာ ဝေဖန်မှု တွေထွက်ပေါ်ခဲ့ပါတယ်။ အနုပညာရှင် ၂၀ ဦးကို စိန်ရွှေလက်ဝတ်ရတနာဆင်မြန်း ပေးတာနဲ့ပတ်သက်ပြီး ဆင်မြန်းပေးမယ့် အောင်သမာဓိစိန်ရွှေရတနာလုပ်ငန်းရဲ့ Board of Director တစ်ဦးဖြစ်သူ မဖြူဖြူအောင်နဲ့ တွေ့ဆုံမေးမြန်းတာ တချို့ကို ကောက်နုတ်ဖော်ပြပါတယ်။
ကုမုဒြာ ။ ။ သည်နှစ် အကယ်ဒမီဆုပေးပွဲမှာ အနုပညာရှင်ဘယ်နှဦးကို စပွန်ဆာပေးဖြစ်ပါသလဲ။


မဖြူဖြူအောင် ။ ။ မင်းသမီးတွေကို ပြည်သူတွေက ပိုစိတ်ဝင်စားတယ်။ မင်းသမီး ၁၀ ယောက်၊ ၁၅ ယောက်လောက် စပွန်ဆာပေးလိုက်ရင် ဒီဇိုင်းတွေက ပိုပြီးပေါက်တယ်။ ဒါကြောင့် စပွန်ဆာပေးဖြစ်တယ်။ စုစုပေါင်း ၂၀ ဦးပါ။  အရင်နှစ်က မင်းသမီးလေးယောက်လောက်နဲ့ ရွှေကြို ၂၀ ဦးကိုပေးဖြစ်တယ်။ သည်နှစ်ကတော့ မင်းသား၊ မင်းသမီးအများကြီးကို ပထမဆုံးပေးဖြစ်တာပါ။ စပွန်ဆာပေးတာက ၂၀ ဦးပါ။
ကုမုဒြာ ။ ။ သိန်းတစ်သောင်းကျော် စပွန်ဆာပေးတာကို တချို့ပရိသတ်တွေကဝေ ဖန်ကြတာတွေရှိတယ်။ အဲသည်အပေါ်ဘာများပြောချင်ပါသလဲ။
မဖြူဖြူအောင် ။ ။ စပွန်ဆာပေးတယ်ဆိုတာဆင်မြန်းပေးတာပါ။ သည်လောက် ကြီး (သိန်းတစ်သောင်းနီးပါး စပွန်ဆာ)ပေးတယ်ဆိုရင် လှူလိုက်ပါ့လားလို့ ပြောတာတွေ ရှိတယ်။ စပွန်ဆာပေးတယ်ဆိုတာကို နားမလည်ကြဘူး ပေါ့နော်။ တကယ်က ပြည်သူချစ်တဲ့ အနုပညာရှင်တွေလှအောင် ကူညီဆင်မြန်းပေးတာပါ။ တကယ်တမ်း ဆို အန္တရာယ်လည်းများသလို တာဝန်လည်းအရမ်းကြီးပါတယ်။ သည်လို စပွန်ဆာ ပေးလိုက်လို့ရောင်းရမယ်၊ မရောင်းရဘူးဆိုတာ မသေချာဘူး။ လူတွေအများကြီးထဲမှာ ပေးရတာဆိုတော့လေ။ ဒါပေမဲ့ ကိုယ့်ရဲ့စေတနာတစ်ခု က up to date ဖြစ်တဲ့ ဒီဇိုင်းကို မိဘပြည်သူတွေစိတ်ဝင်စားတဲ့ အကယ်ဒမီပေးပွဲ မှာ ပြချင်တဲ့ရည်ရွယ်ချက်နဲ့ စပွန်ဆာပေးဖြစ်တာပါ။
ကုမုဒြာ ။ ။ ရွှေသုံးဆယ်သားနဲ့ ဖန်တီးထားတဲ့ ရွှေဝတ်စုံကို အိချောပိုအတွက် စပွန်ဆာပေးတယ်လို့သိရပါတယ်။ ရွှေဝတ်စုံဖန်တီးဖြစ်တဲ့အကြောင်းလဲ ပြောပြ ပေးပါဦး။
မဖြူဖြူအောင် ။ ။ ရွှေဝတ်စုံက လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်ကစထုတ်ပါတယ်။ အဓိကက ရောင်းဖို့ဈေးကွက်မဟုတ်ပါဘူး။ ရွှေကို ဒါမျိုးလုပ်နိုင်ပါလားဆိုတဲ့ အမြင်လေးကို customer ကို ချပြချင်တာ။ ရွှေအင်္ကျီတိုင်း၊ ရွှေတဘက်တိုင်းလဲ မရောင်းရနိုင်ပါဘူး။ ဒါပေမဲ့ သည်လိုမျိုးလက်ရာတွေသည် နိုင်ငံတကာမှာ ပြလို့ရတယ်။ ဒါမျိုးဝတ်နိုင်တဲ့အနေအထားရှိကြတယ်ဆိုတဲ့ message ပေးချင်တာနဲ့ တီထွင်ဖြစ်တာ။
ကုမုဒြာ ။ ။ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောကြားပေးပါ။
မဖြူဖြူအောင် ။ ။ နှစ်နှစ်ဆက်တိုက် လူ ၄၀ စာဆင်တဲ့အခါပစ္စည်းအပျောက်အရှ နည်းတယ်။ ပိုပြီးတော့လည်း လူပိုသိလာတယ်။ စိတ်ဝင်စားမှုခံလာရတဲ့အခါကျ တော့ သည်နှစ်မှာလည်း ကိုယ့်လက်ဝတ်ရတနာလေးတွေက အထူးအဆန်းလည်း ပြုလုပ်ထားတယ်။ Customer တွေကို အဓိကကတော့ သူတို့တွေအတွက် ကြော်ငြာမဟုတ်ဘဲ သူတို့စိတ်ဝင်စားနေမယ့်ပွဲမှာပဲ ချပြချင်တာပါ။
ကုမုဒြာ ။ ။ ကျေးဇူးတင်ပါတယ်။

Author - အေးစုမွန်

Kumudra

No comments:

Post a Comment