Latest News

Sunday, March 5, 2017

အစိုးရအဖွဲ့ အပြောင်းအလဲရှိမည်ဟု သတင်းထွက်ပေါ်မှု ကောလာဟလသာဖြစ်ကြောင်း ဦးဝင်းထိန်ပြော

အစိုးရအဖွဲ့ အပြောင်းအလဲရှိမည်ဟု သတင်းထွက်ပေါ်မှု ကောလာဟလသာဖြစ်ကြောင်း ဦးဝင်းထိန်ပြော


အမျိုးသားဒီမိုက ရေစီအဖွဲ့ဦးဆောင်သည့် အစိုးရ အဖွဲ့အတွင်း အပြောင်းအလဲရှိ မည်ဟု သတင်းများ ထွက်ပေါ်မှု နှင့် ပတ်သက်၍ ကောလာဟလ သာဖြစ်သည်ဟု ပါတီ ဗဟိုအ လုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ပြောကြားသည်။

လတ်တလောတွင် စက်မှု ၀န်ကြီးဌာန၊ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပညာရေး ၀န်ကြီးဌာနတို့ အ ပြောင်းအလဲဖြစ်မည်ဟု သတင်းများထွက်နေသည်။

‘‘အဲဒါကတော့ အားလုံး ကောလာဟလ’’ဟု မတ်လ ၅ ရက်က နေပြည်တော် စည်ပင်ဧည့် ရိပ်သာအတွင်း ပြုလုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အ စည်းအဝေးအပြီးတွင် ဦးဝင်းထိန် က သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

ဦးဝင်းထိန်က ၂၀၁၇  ကြား ဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက် ၍လည်း အစည်းအဝေးတွင် ဆွေးနွေးတိုင်ပင်ခဲ့သည်ဟု ဆိုသည်။

‘‘ကျွန်တော်တို့ ကြားဖြတ် ရွေးကောက်ပွဲမှာ စည်းရုံးရေး ဆင်းတဲ့အခါ လွှတ်တော်တော့ မဟုတ်ဘူး။ အစိုးရအဖွဲ့က ပါ တဲ့လူတွေ ရွေးကောက်ပွဲဆင်းရင် အစိုးရ ကားမသုံးရဘူးလို့ပြော ထားတာ။ တော်ကြာကန့်ကွက် ခံရမှာစိုးလို့’’ ဟု ဦးဝင်းထိန်က ပြောသည်။

ကြားဖြတ် ရွေးကောက်ပွဲ တွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါဝင် မဲဆွယ်နိုင်ခြင်း မရှိ၍ အားလျော့နိုင်သည်ဟု ဦး ၀င်းထိန်က မီဒီယာများအား ထုတ်ဖော်ပြောကြားထားပြီး လက်ရှိ ၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦး ၀င်းမြင့် ဦးဆောင်၍ ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော် ရွေး ကောက်ပွဲဥပဒေများတွင် နိုင်ငံ ပိုင်၊ ငွေကြေး၊ မြေ၊ အိမ်၊ အ ဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် သောနည်းဖြင့်ဖြစ်စေ ရယူသုံးစွဲ သူ (သို့မဟုတ်) ယင်းသို့ရယူသုံး စွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူ သည် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်မရှိစေရဟု ပြဋ္ဌာန်းထား သည်။ ထို့အပြင် ပါတီနှင့် ပတ် သက်၍ တိုင်ကြားမှုများစွာရှိနေပြီး စည်းမျဉ်းကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်ဟု ဦးဝင်းထိန်က ဆက်လက်ပြောကြားသည်။

‘‘တိုင်တာ တောတာ သိပ် များတာပဲ။ တိုင်းနဲ့ ပြည်နယ်ဝန် ကြီးချုပ်တွေ အတိုင်ခံရတာတော့ မရှိဘူး’’ဟု ဦးဝင်းထိန်က ပြော သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသက်တမ်းသည် ယခု လာမည့် မတ်လ ၃၁ ရက်တွင် တစ်နှစ် ပြည့်မြောက်မည်ဖြစ်ပြီး တစ်နှစ် တာအတွင်း ပြည်ထောင်စုအပါ အ၀င် ပြည်နယ်နှင့် တိုင်းဒေသ ကြီးအလိုက် အစိုးရအဖွဲ့များ၏ တစ်နှစ်တာဆောင်ရွက်ချက်များ နှင့် ပတ်သက်၍ ပြည်သူသို့ အစီ ရင်ခံရန် စီစဉ်လျက်ရှိသည်။

 
7Day News Journal

No comments:

Post a Comment