Latest News

Thursday, March 23, 2017

မွေးရာပါ ကျောရိုးအပို တစ်ခုနှင့် ခြေထောက်အပို နှစ်ချောင်း ပါလာသော နို့စို့အရွယ် ကလေးငယ်အား ခွဲစိတ်ကုသမှု ပြုလုပ်

မွေးရာပါ ကျောရိုးအပို တစ်ခုနှင့် ခြေထောက်အပို နှစ်ချောင်း ပါလာသော နို့စို့အရွယ် ကလေးငယ်အား ခွဲစိတ်ကုသမှု ပြုလုပ်

ချီကာဂို မတ် ၂၂

အနောက် အာဖရိကမှ အသက် ၁ဝ လရှိ နို့စို့အရွယ် ကလေးငယ် တစ်ဦးသည် အမေရိကန် ပြည်ထောင်စု အီလီနွိုက်စ်ပြည်နယ် ပါ့ခ်ရစ်ခ်ျမြို့ရှိ ကလေး ဆေးရုံကြီးတွင် တစ်မူ ထူးခြားသော ခွဲစိတ်ကုသမှုကို ခံယူလိုက်နိုင်ကြောင်း သိရသည်။

အိုင်ဗရီကို့စ် နိုင်ငံမှ ဒိုမီနစ်အမည်ရှိ အဆိုပါ ကလေးငယ်သည် မွေးရာပါကျောရိုး အပိုတစ်ခုနှင့်  ခြေထောက်အပို နှစ်ချောင်းတို့ဖြင့် မွေးဖွားလာသူဖြစ်သည်။ ယင်းသို့ဖြစ်ရခြင်းမှာ ၎င်းသည် သန္ဓေသား ဘဝတွင် ခန္ဓာကိုယ်ချင်းဆက် အမြွှာဖြစ်သော်လည်း ကျန်ရှိသည့် တစ်ပိုင်းမှာ အပြည့်အစုံ မဖွံ့ဖြိုးဘဲ ကျောရိုးတစ်ချောင်းနှင့် ခြေထောက် နှစ်ချောင်းတို့မှာ ဒိုမီနစ်၏ လည်တိုင်နှင့် ကျောကုန်းတို့တွင် ကပ်ငြိပါလာခြင်းကြောင့် ဖြစ်သည်။ ဆေးပညာရှင် အယောက် ၅ဝ ကျော်ပါဝင် သည့် အဖွဲ့တစ်ဖွဲ့က ဒိုမီနစ်ကို ပြီးခဲ့သည့် မတ် ၈ ရက်တွင် အောင်မြင်စွာ ခွဲစိတ်ပေးလိုက်နိုင်ခြင်း ဖြစ်သည်။ ထိုသို့ မခွဲစိတ်မီ ဆရာဝန်များသည် ဒိုမီနစ်နှင့် ပုံစံအရာတစ်ခုကို ဖန်တီးပြီး ကြိုတင်ပြင်ဆင် လေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ ရကြောင်း သိရသည်။ ယခုအခါ ခွဲစိတ်မှုများကို အောင်မြင်စွာ လုပ်ဆောင်ပြီးနောက် ဒိုမီ နစ်သည် သာမန်ဘဝဖြင့် နေထိုင်နိုင်တော့မည် ဖြစ်ကြောင်း ဆရာဝန်များက ပြောသည်။ ထို့ပြင် ဒိုမီနစ်သည် ယခုအခါ ထိုင်နိုင်ပြီး အခြားကလေးငယ် များနှင့် အတူတကွ ဆော့ကစား နိုင်နေပြီဖြစ်ကြောင်း သိရသည်။မြ၀တီ

No comments:

Post a Comment