Latest News

Thursday, March 23, 2017

ခရီးသည်တင်ယာဉ်ကို ခဲဖြင့်ပစ်ပေါက်သူအား အမှုဖွင့်အရေးယူထား

ခရီးသည်တင်ယာဉ်ကို ခဲဖြင့်ပစ်ပေါက်သူအား အမှုဖွင့်အရေးယူထား

နေပြည်တော်၊ မတ်  ၂၃

 ၂၀၁၇ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်း မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၄၃/၆)အနီးတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းရပ်ကွက်နေ ဦးဇော်နိုင်လင်း(၃၈)နှစ် မောင်းနှင် လာသည့် 3K/×××× JJ-Express ခရီးသည်တင်ယာဉ်အား လူတစ်ဦးမှ ခဲဖြင့်ပစ်ပေါက်ကြောင်း သတင်းအရ ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်၍ လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ ရေလျှံကျေးရွာထိပ်၌ ကြွယ်ဂံ ကျေးရွာနေ ဆန်းလင်းအောင်(၂၅)နှစ်အား လက်ထဲ၌ ကျောက်ခဲများကိုင်ဆောင်လျက် တွေ့ရှိဖမ်းဆီး ရမိခဲ့ပြီး ခဲဖြင့်ပစ်ပေါက်မှုကြောင့် ခရီးသည်တင်ယာဉ်၏ ဝဲဘက်တံခါးမှန်ကွဲသွားသဖြင့် ၎င်းအား ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်း(ပ)၁၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉-က/၄၄၀ ဖြင့်  အရေးယူ ထားကြောင်း သတင်းရရှိသည်။ ရဲဇာနည်

No comments:

Post a Comment