Latest News

Tuesday, March 14, 2017

ခေါင်းမြီးခြုံတွေကို တားမြစ်နိုင်တယ်လို့ ဥရောပရဲ့အမြင့်ဆုံးတရားရုံးက ဆုံးဖြတ်


တကယ်လို့ ကုမ္ပဏီဘက်က အလုပ်သမားတွေ ဘာသာရေးအဝတ်အစားတွေ မဝတ်ရလို့ တားမြစ်ထားရင် ခေါင်းမြီးခြုံကို တားမြစ်တာက ခွဲခြားဆက်ဆံရာ မရောက်ဘူးလို့ တရားရုံးဆုံးဖြတ်
ဥရောပ သမဂ္ဂရဲ့ အမြင့်ဆုံး တရားရုံး ECJ က လုပ်ငန်းခွင်မှာ နိုင်ငံရေး၊ အတွေး အခေါ် အယူအဆ သို့ မဟုတ် ဘာသာရေး အမှတ်အသားတွေ ထင်ထင် ရှားရှား ဖော်ပြထားတဲ့ ဝတ်ဆင်မှုတွေ ပြုလုပ်တဲ့ အလုပ်သမားတွေကို ကုမ္ပဏီတွေက တားမြစ်နိုင်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

အစ္စလာမ်ဘာသာဝင် အမျိုးသမီးတွေ အလုပ်မှာ ခေါင်းစည်းပုဝါ ဝတ်တာကို တားမြစ်မှုဟာ ခွဲခြားဆက်ဆံတာလို့ ဆိုပြီး တရားရုံးအဆုံးအဖြတ်ရယူဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပြီးနောက် အခု ဆုံးဖြတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

တချို့မွတ်ဆလင်အမျိုးသမီးတွေကတော့ ခေါင်းမြီးခြုံတာကို တားမြစ်တာတွေအပေါ် ကန့်ကွက်ခဲ့ကြ
တရားရုံးက အခုလို ဆုံးဖြတ်ပေမဲ့ သက်ဆိုင်ရာ လုပ်ငန်း ကုမ္ပဏီတွေရဲ့ ဌာနတွင်း ဥပဒေတွေနဲ့ အညီ တပြေးညီ ကျင့်သုံးရမှာ ဖြစ်ပြီး အလုပ်သမား အားလုံးဟာ အုပ်စုတခုခုကို ကိုယ်စားမပြုတဲ့ ကြားနေ ဝတ်စုံကိုသာ ဝတ်ရပါမယ်။

ပြင်သစ်နဲ့ ဘယ်လ်ဂျီယံ တရားရုံးတို့ကနေ ဥရောပ တရားရုံးရဲ့ အဆုံး အဖြတ်ကို တောင်းခံ ခဲ့ကြတာဖြစ်ပါတယ်။

ဘယ်လ်ဂျီယန် နိုင်ငံ က G4S ကုမ္ပဏီ မှာ ပြင်ပဆက်ဆံရေး ဝန်ထမ်းတဦးက အလုပ်ခွင်မှာ ခေါင်းဆောင်း ဝတ်လို့ အလုပ် ဖြုတ်ခံရတဲ့ ဖြစ်စဉ် တခု ဖြစ်ပွားအပြီးမှာ ဘယ်လ်ဂျီယန် ဥပဒေရေးရာ တရားရုံးက ဥရောပ တရားရုံးကို ဒီကိစ္စ ဆက်လက်ပြီး ကြားနာ ဆုံးဖြတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment