Latest News

Sunday, March 12, 2017

စုံနံ့သာမြိုင် သည်းသည်းလှုပ်

စုံနံ့သာမြိုင် သည်းသည်းလှုပ်

(တစ်)

အိုင်ဒေါ (Idol)ကို ဘယ်လို ဘာသာပြန်ကြမှာပါလိမ့်။ အ သည်းစွဲဆိုတဲ့ စကားလုံးကတော့ သူသူငါငါများရာစုကြီးက ဘာ သာပြန်လေ့ရှိကြတဲ့ စကားလုံး ပေါ့။ အဲ.. တောထဲက တိရစ္ဆာန် တွေ စွတ်ရွတ်ပြီး ပြန်ထည့်လိုက် ပုံကလေးကကျတော့ ဂျက်စိတ်ထဲ ကြက်ကန်းဆန်အိုးတိုးတယ်လို့ပဲ ပြောရမလား မပြောတတ်ပါဘူး။ ငြိသွားထိသွားသဗျ။ သည်းသည်း လှုပ်ဆိုလား။ ကောင်းလိုက်တာ။ တိရစ္ဆာန်အများစုရဲ့ အသည်း နှလုံးကို ဆွဲခါလှုပ်ယမ်းပစ်လိုက် နိုင်တဲ့ အနက်အဓိပ္ပာယ်မျိုးနဲ့ သည်းသည်းလှုပ်တဲ့ခင်ဗျ။ အိုင် ဒေါ (Idol)ကို ဘာသာပြန်ဆိုထည့် လိုက်တာ။ အဲသည်တော့ကာ စုံနံ့ သာမြိုင် အိုင်ဒေါ (Idol)ဆိုတော့ စုံနံ့သာမြိုင် သည်းသည်းလှုပ်ပေပဲ ပေါ့။

(နှစ်)

လူ့ရပ်လူ့ရွာမှာ အဲသည်အနှီ သည်းသည်းလှုပ် အိုင်ဒေါကို ရွေးတဲ့ပွဲလုပ်တာဟာ တော်တော်က လေး ခေတ်စားပါတယ်။ စာပေ အနုပညာ အိုင်ဒေါ၊ သရုပ်ဆောင် အိုင်ဒေါ၊ တေးဂီတအိုင်ဒေါဆို တာမျိုးတွေပေါ့။

စုံနံ့သာမြိုင်က အဲဒါကို အား ကျပါတယ်။ ဒါနဲ့ တောထဲမှာ စုံနံ့ သာမြိုင် အိုင်ဒေါရယ်လို့ဆိုကာ လုပ်ထည့်လိုက်ပါလေရောလို့ဆို ပါတော့။ အောင်မြင်လိုက်ပုံများ ဆိုတာ။ တစ်တောလုံး ကျွက် ကျွက်ကို ညံလို့ပေါ့။ တိရစ္ဆာန်မျိုး စုံဟာ အဲသည်စုံနံ့သာမြိုင် အိုင် ဒေါပွဲများရှိတဲ့ရက်တွေမှာဖြင့် ကွင်းကြီးထဲမှာ ပြည့်လို့။ စင်ကြီး ရဲ့ ရှေ့မှာက အကဲဖြတ်ကြီးကြပ် ပေးကြတဲ့ သတ္တဝါကြီးတွေ။ ဆင် လည်းပါရဲ့။ ကျားလည်းပါရဲ့။ ခြင်္သေ့လည်းပါရဲ့။

တောမှာ ဝှဲချီးဆင်နွှဲတဲ့ပွဲက တေးဂီတ အိုင်ဒေါပွဲခင်ဗျ။ ပြိုင် ပွဲဝင် သတ္တဝါကလေးတွေက ဒိုင် တွေရဲ့ ရှေ့မှောက်မှာရှိတဲ့ စင် ပေါ်ကို တက်တက်လာပြီး သူတို့ ရဲ့ အသံကလေးတွေနဲ့ ကျူးရင့် ပြကြရတာ။ အဲသဟာကို ကွင်း ထဲက သတ္တဝါအပေါင်း ကြည့်ရှု လို့ ကောင်းစေရန်အလို့ငှာ နံဘေး နားဆီမှာ ပရိုဂျက်တာ (Projec-tor) ကြီးနဲ့ ထိုးပြထားလို့ပေါ့။

လူတွေလိုပါပဲ။ ဗို့တ် (Vote) လုပ်ကြရတာ။ တိရစ္ဆာန်အပေါင်း က ကိုယ်ကြိုက်တဲ့ သတ္တဝါကို လက်ကိုင် ဖုန်းကလေးတွေက တစ်ဆင့် မဲပေးကြရတာ။ ဗို့တ် များတဲ့ တိရစ္ဆာန်ကျန်ခဲ့။ ဗို့တ်နည်းတဲ့ သတ္တဝါထွက်ခွာ။ ဒါပါပဲ။

အဲသမှာ ဂျက်ကွမ်းခြံကုန်း က စုံနံ့သာမြိုင် အိုင်ဒေါပွဲကြီး ဝှဲ ချီးဆင်နွှဲနေတဲ့ ပွဲခင်းထဲကို တစ် ညသားမှာ ရောက်သွားခဲ့ရတာ ပါ။ ရောက်သွားတော့လည်း အ ထူးဧည့်သည်တော်ပဲပေါ့။ ကိုယ် က တိရစ္ဆာန်တွေနဲ့ ရင်းနှီးနေတဲ့ ဥစ္စာ။

(သုံး)

စုံနံ့သာမြိုင်မှာ တေးဂီတ အိုင်ဒေါပွဲကြီး ဝှဲချီးကျင်းပနေခဲ့ တာ ဘယ်နှရက် ဘယ်နှလရှိသွား ခဲ့ပြီလဲဆိုတာ ဂျက်မသိပါဘူးဗျာ။ အနို့သော် ဂျက်ရောက်သွားတဲ့ည ကတော့ စင်ပေါ်မှာ သတ္တဝါလေး ကောင်ပဲ ကျန်ပါတော့တယ်။ အဲ သည့်ညက ဗို့တ် (Vote) နည်းသူ သတ္တဝါကလေးတစ်ကောင်ကို ဖယ်ပစ်ရမယ့်ည။

စင်ပေါ်မှာက ဥဩခင်ဗျ။ ချိုးခင်ဗျ။ ရွှေပြည်စိုးခင်ဗျ။ ကျီး ကန်းခင်ဗျ။ ဩော်.. အခုအချိန် အထိ ကျီးကန်းပါနေတာကို ဂျက် က အံ့ဩနေမိတာ။

ထုံးစံအတိုင်း ပွဲစပြီဆိုတာနဲ့ တစ်ကောင်ပြီးတစ်ကောင် ကျူး ရင့်လိုက်ကြတာလေ။

ဥဩက လွမ်းစရာခင်ဗျ။ ဥဩ ဥဩနဲ့ တွန်ကျူးလိုက်တဲ့ အသံဟာ အလွမ်းဓာတ်ခံကြီးတဲ့ သူတွေအဖို့ မျက်ရည်ပေါက် ပေါက်ကျသွားလောက်တဲ့ တင် ဆက်မှုပါ။

ချိုးငှက်ကလေးကတဲ့ရော။ ထနောင်းပင်ညီနောင်ကနေ လွမ်း အောင် ကူချွဲတတ်တဲ့ ချိုးငှက်က လေးပေပဲဥစ္စာ။ တကူကူးကူး.. တကူကူးကူးရယ်လို့ ကူထည့် လိုက်တဲ့အခါ ဝေဒနာအခံနဲ့ သတ္တဝါကလေးတွေဟာ သက်ပြင်းတချချနဲ့ပေပ။

ရွှေပြည်စိုးကတော့ အသံချို တာ။ စူးတာ။ ရွှေပြည်စိုး.. ရွှေပြည်စိုးရယ်လို့ ထုတ်ဖော်မြည်ကြွေးတဲ့ အသံဟာ ဂျန်းဂဲ (Jungle)မှာ တော့ လွမ်းပွဲပဲပေါ့။

ကျီးကန်းကတော့ အသံ မသာပါဘူး။ အသံဝါကြီးပါ။ အာဂလောက် အာဂလောက်ဆို တဲ့ အသံကြီးက မလှပါဘူး။ ကျီး သာရင် ဧည့်လာတယ်ဆိုဘိလင့် ကစား သိပ်မှအသံမချိုတဲ့ဥစ္စာ။

ထားတော့။ သူ့မှာ၊ ကိုယ့်မှာ၊ အလှသာတည့်လို့ဆိုသလိုပါပဲ။ သတ္တဝါအသီးသီးက သူ့နည်းသူ့ ဟန်နဲ့ တင်ဆက်ယှဉ်ပြိုင်သွား လိုက်ကြတာများဆိုတာ။

အဲသည့်နောက်မှာတော့ စုံနံ့ သာမြိုင် အိုင်ဒေါလို့ခေါ်တဲ့ စုံနံ့ သာမြိုင် သည်းသည်းလှုပ်ပွဲခင်း ကြီးဟာ တိတ်ဆိတ်ငြိမ်သက်သွား လိုက်တာ။ အပ်ကျသံတောင် ကြားရမတတ်ဆိုတာ ဒါမျိုးကိုဆို လိုတာ ထင်ပါရဲ့။ အသက်ရှူဖို့ကို တောင်မှ မေ့လျော့လို့နေကြလေ ပြီလား။

ဗို့တ် (Vote)။

ဗို့တ် (Vote)။

ဗို့တ် (Vote)။

တိရစ္ဆာန်တွေက ပေးကြ မယ့် ဗို့တ်လို့ခေါ်တဲ့ ဆန္ဒမဲကို ရေ တွက်ဖို့ရာ စောင့်စားကြရပြီမို့ အ ဘယ်သတ္တဝါကလေးများ ထွက် သွား ကြရလေမလဲ ဆိုတာကို စောင့်စားခဲ့ကြရလေပြီပေါ့။

တောကြီး ဆိတ်ညံ၊ ဆီးကျံ ကျံ။

(လေး)

မအံ့ဩနဲ့ခင်ဗျ။

ဂျက်က ကျီးကန်းထွက်သွား ရမယ်ထင်နေတာ။ ဥဩထွက် သွားရသဗျ။ ဥဩက ဗို့တ် (Vote) အနည်းဆုံးဖြစ်နေလို့တဲ့။ အံ့ဩ စရာကောင်းတာက ကျီးကန်းက ဗို့တ်အများဆုံး။

‘‘ဘယ့်နှာကြောင့်များပါ လိမ့်ဗျာ။ ကျီးကန်းက ထင် သလောက်မှ အသံမကောင်းတဲ့ ဥစ္စာ’’

ဂျက်ရဲ့အမေးကို နံဘေးက သတ္တဝါတစ်ကောင်က ဖြေသဗျ။

‘‘မဲလေ ဆရာဂျက်ရဲ့။ မဲ.. ဗို့တ် အဲဒါကျီးကန်းက အများဆုံး ရတာ အမှန်။ တောထဲမှာ ကျီး ကန်းအရေအတွက်က နည်းတာ မှ မဟုတ်တာ’’

ရက်စ် (Yes)လား၊ နိုး (No) လားဆိုတာကို အကောင်အရေအ တွက် အနည်းအများက စကား ပြောသွားခဲ့တာကိုး။ တိရစ္ဆာန် လောကသားတွေကြားမှာ အ ကောင်များသူတွေ စဉ်းစားဉာဏ် နည်းပါးရင် ရလဒ်အမှားတွေ ထွက်တတ်တယ်ထင်ပါရဲ့။

ရွှေပြည်စိုးရယ်၊ ချိုးရယ်၊ ကျီးကန်းရယ်မှာ ဘယ်သတ္တဝါ တွေ ဆက်ထွက်သွားရဦးမယ်ဆို တာ မသိချင်တော့ပါဘူးဗျာ။  ။

7Day News Journal

No comments:

Post a Comment