Latest News

Tuesday, March 7, 2017

အရက်ချက်စက်ရုံများတွင် မီတာတပ်ဆင်ပြီး ထုတ်လုပ်မှုပမာဏကို စစ်ဆေးမည်ဟုဆို

အရက်ချက်စက်ရုံများတွင် မီတာတပ်ဆင်ပြီး ထုတ်လုပ်မှုပမာဏကို

စစ်ဆေးမည်ဟုဆို

ရန်ကုန်တိုင်းအတွင်းရှိ  အရက်ချက်စက်ရုံများမှ တစ်ရက် အရက်ထုတ်လုပ်မှုပမာဏအမှန် ကို သိရှိပြီး အခွန်အတိအကျ ကောက်ခံနိုင်ရန် မီတာများ တပ်ဆင်ဆောင်ရွက်စေကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။

‘‘အရက်ဆီထုတ်တဲ့လုပ်ငန်း တွေကို တစ်နေ့မှာ ဘယ်လောက် အထိ ထုတ်လုပ်နိုင်တယ်ဆိုတာ ကို အတိအကျသိရဖို့ လုပ်နေ တယ်။ ရန်ကုန်မှာရှိတဲ့ စက်ရုံတိုင်း မှာ မီတာတပ်ခိုင်းထားတယ်။ အ ရက်ဆီထုတ်လုပ်တဲ့လုပ်ငန်းတွေ ကို ပူးပေါင်းအဖွဲ့တွေနဲ့ ထုတ်လုပ် မှုအမှန်ရဖို့ စစ်ဆေးနေတယ်’’ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

 စက်ရုံ၏ ပင်ရင်းအရက် ထုတ်သည့် ပိုက်တွင် မီတာကို တပ်ဆင်ထားမည်ဖြစ်ပြီး တစ်ရက်အတွင်း ထုတ်လုပ်ထားသည့် ပမာဏကို မီတာလည်ပတ်နှုန်း ကြည့်ရှုနိုင်မည်ဖြစ်သည်။

မီတာတပ်ဆင်ထားခြင်း ရှိ၊ မရှိနှင့် ထုတ်လုပ်မှုပမာဏအမှန် ကို သိနိုင်ရန် စက်မှုဇုန်များတွင်  ပူးပေါင်းအဖွဲ့များနှင့် စစ်ဆေးနေ ပြီး မီတာတပ်ဆင်ထားခြင်းမရှိ သည့် စက်ရုံများအား အထူးကုန် စည်ခွန်ဥပဒေနှင့် အရေးယူမည် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်  အရက်နှင့် ဘီယာထုတ်လုပ်သည့် စက်ရုံ ၁၀၀ ခန့်ရှိပြီး လက်ရှိအချိန် အထိ အရက်ချက်စက်ရုံ ၅၀ ခန့် ၌ မီတာစက်များ တပ်ဆင်ထား သည်။

၂၀၁၆ ပြည်ထောင်စုအခွန် အကောက်ဥပဒေအရ အရက်၊ ဘီယာနှင့် ၀ိုင်ကို အထူးကုန်စည် အဖြစ် သတ်မှတ်ထားပြီး အထူး ကုန်စည်ခွန်ထမ်းဆောင်ရသည်။ ပြည်တွင်းအခွန်ဦးစီးဌာန၏ စာ ရင်းများအရ ၂၀၁၇ ဇန်န၀ါရီလ ကုန်အထိ ရန်ကုန်တိုင်းအတွင်း တွင် အထူးကုန်စည် ကျပ် ၄၃ဘီလီယံ ကောက်ခံရရှိထား ကြောင်း သိရသည်။

အရက်နှင့် ဘီယာ ထုတ် လုပ်တင်ပို့ရောင်းချသူများသည် ရောင်းချသော တန်ဖိုး၏ ၆၀ ရာခိုင်နှုန်းကို အထူးကုန်စည်ခွန်ထမ်းဆောင်ရန် ၂၀၁၆ ပြည်ထောင်စု အခွန်အကောက်ဥပဒေတွင် ဖော်ပြထားသည်။

7Day News Journal

No comments:

Post a Comment