Latest News

Monday, March 27, 2017

စက်သုံးဆီလုပ်ငန်းမှာ ပြည်ပရင်းနှီးမြုပ်နှံမှု ခွင့်မပြုဖို့ ဝန်ကြီးထံ စာတင်မည်

စက်သုံးဆီလုပ်ငန်းမှာ ပြည်ပရင်းနှီးမြုပ်နှံမှု ခွင့်မပြုဖို့ ဝန်ကြီးထံ စာတင်မည်

စက်သုံးဆီလုပ်ငန်းမှာ ပြည်ပရင်းနှီးမြုပ်နှံမှု ခွင့်မပြုဖို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းက လာမယ့်ရှေ့တပတ်မှာ အသနားခံစာတင်သွားမယ်လို့ သိရပါတယ်။

ပြည်တွင်းစက်သုံးဆီဆိုင်တွေ ဈေးနှုန်းကြီးမြင့်ရောင်းချနေတာ၊ အရည်အသွေး မမှန်မကန် ရောင်းချနေတာတွေကို အသင်းက ထိန်းချုပ်ဆောင်ရွက်နေတဲ့အကြောင်းနဲ့ ပြည်ပရင်းနှီးမြုပ်နှံ ခွင့်မပြုဖို့ အသင်းအနေနဲ့ စာတင်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း ဥက္ကဌ ဦးဝင်းမြင့်က ပြောပါတယ်။

ပြည်တွင်းမှာ ဈေးကွက်ပြိုင်ဆိုင်မှုနည်းပါးတဲ့ စက်သုံးဆီ လုပ်ငန်းနဲ့ ဈေးဝယ်စင်တာလုပ်ငန်းတွေကို ပြည်ပ ရင်းနှီးမြုပ်နှံခွင့်ပြုမယ်ဆိုပြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ပြည်ပလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံးမှာ စက်သုံးဆီ အရောင်းဆိုင် ၂၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment