Latest News

Thursday, March 16, 2017

ကျောက်တော်မြို့ ဆီဆိုင်တန်းမီးလောင်မှုကြောင့် ကျပ်သိန်း ၄၉၀၀ ဖိုးဆုံးရှုံး

ကျောက်တော်မြို့ ဆီဆိုင်တန်းမီးလောင်မှုကြောင့် ကျပ်သိန်း ၄၉၀၀ ဖိုးဆုံးရှုံး


မတ် ၁၆/DMG

ကျောက်တော်မြို့နယ်၊ ပြည်တော်သာရပ်ကွက် မြို့အဝင်လမ်း လောင်စာဆီရောင်းချသည့် ဆီဆိုင်တန်း မတ်လ ၁၅ ရက်နေ့၊ ညနေ ၆ နာရီခွဲအချိန်က မီးလောင်မှုဖြစ်ပွားခဲ့သောကြေင့် ဆီဆိုင် ၄၁ ဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင် ၁ ဆိုင်၊ လက်ဖက်ရည်ဆိုင် ၁ ဆိုင်၊ ကားဝပ်ရှော့ဆိုင် ၁ ဆိုင်၊ စုစုပေါင်း ၄၅ ဆိုင်အား ကူးလောင်ကျွမ်းခဲ့ပြီး ကျပ်သိန်း ၄၉၀၀ ဖိုး ဆုံးရှုံးခဲ့သည်။

မီးလောင်မှုဖြစ်စဉ်မှာ နေပူမိထားသော ဆီပေပါထဲသို့ ဆီဘောက်ဆာမှ အက်ကြိုးမချဘဲ ဆီဖြည့်စဉ် စတင်လောင်ကျွမ်းခြင်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပြီး မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၃ စီး၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မြောက်ဦးမြို့နယ်နှင့်ပြည်နယ်မီးသတ်ဦး စီးမှုးရုံးမှ မီးငြိမ်းသတ်ယာဉ် စုစုပေါင်း မီးငြိမ်းသတ်ယာဉ် ၉ စီးဖြင့် လာရောက်မီးငြိမ်းသတ်ခဲ့ကြသည်။

အဆိုပါ မီးလောင်မှုသည် အလွန်ပြင်းထန်သဖြင့် မီးငြိမ်းသတ်ရန်ခက်ခဲမှုတို့ရှိခဲ့ပြီး ည ၉ နာရီ ၁၅ မိနစ်တွင် လုံးဝမီးငြိမ်းသတ်နိုင်ခဲ့ကာ လူထိခိုက်သေဆုံးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင့် ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ပြောဆိုသည်။

မီးလောင်ကျွမ်းသည့် နေရာသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင် တစ်ချို့သွားရောက်မှုများရှိခဲ့သည်။
အလားတူ လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်ကလည်း မင်းပြားမြို့ ဦးစိုးတင့်ရပ်ကွက် ဆန်စက်တန်းမီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင် ၉ လုံး၊အိမ် ၁၁ လုံးနှင့်လူနေအိမ် တစ်လုံး ဆုံးရှုံးမှုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများအထိ ရှိခဲ့သည်။

Photo - Kyaw Hlamyint' Facebook
Development Media Group

No comments:

Post a Comment