Latest News

Tuesday, March 7, 2017

လောက်ကိုင်မြို့တွင်း ပစ်ခတ်မှုများကြောင့် ဒေသခံများ တရုတ်နိုင်ငံသို့ စစ်ဘေးရှောင် ထွက်ပြေးနေရ

လောက်ကိုင်မြို့တွင်း ပစ်ခတ်မှုများကြောင့် ဒေသခံများ တရုတ်နိုင်ငံသို့

စစ်ဘေးရှောင် ထွက်ပြေးနေရ



ရှမ်းပြည်နယ် မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် မတ်လ ၆ ရက်က ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လောက်ကိုင်ဒေသခံအများအပြားသည် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ယနေ့(မတ်လ ၇ ရက်) မနက်ပိုင်းက သတင်းရရှိပါသည်။

တရုတ်ပြည်နယ်စပ်ဖြစ်သော မိန်းတိန်ကျေးရွာတွင် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်သူများစွာ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြပြီး၊ အချို့မှာ နယ်စပ်မှ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်ခွင့် ရရှိရန် စောင့်ဆိုင်းနေကြကြောင်း ဒေသခံများက ပြောကြားသည်။

“ဒီနေ့အထိတော့ ပစ်နေတုန်းပဲလို့ ပြောတယ်။ ညီမတော့ အခု တရုတ်ဘက် ရောက်နေပြီ။ မြန်မာပြည်ဘက် ပြန်ထွက်တာကို ပေးမထွက်လို့ စိတ်ညစ်နေတာ။ မြို့ထဲမှာတောင် ဗုံးတွေနဲ့ လောင်ချာတွေနဲ့ ပစ်ချနေတာ ကြောက်စရာပဲ။ အခု ၀န်ထမ်းတွေကို ဓားစားခံ ခေါ်သွားတယ်လို့လည်း ပြောတယ်။ တရုတ်တွေများတော့ တရုတ်ပြည်ထဲ ပြေးတာများတယ်။ မြန်မာပြည်နဲ့ တရုတ်ဘက်ကိုပဲ ပြေးကျတာများတယ်။ ”
ဟု တရုတ်ပြည်နယ်စပ်ဒေသဘက်ကို စစ်ဘေးရှောင်နေသော လောက်ကိုင်ဒေသခံတစ်ဦးက ယနေ့ (မတ် ၇ ရက်) နံနက် ၁၀ နာရီခန့်က ပြောကြားသည်။

လောက်ကိုင်တွင် ဖြစ်ပွားနေသော စစ်ပွဲများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Eleven Media Group

No comments:

Post a Comment