Latest News

Thursday, March 9, 2017

လိပ်ကျွန်း အမှုမှ ဝင်းနှင့်ဇော် အတွက် အမှန်တရားပေါ်ပေါက်ရန် သုံးနှစ်လုံးလုံး တစ်ရက်မပြတ် နှိုးဆော်နေခဲ့သည့် အင်္ဂလန် နိုင်ငံသူ

လိပ်ကျွန်း အမှုမှ ဝင်းနှင့်ဇော် အတွက် အမှန်တရားပေါ်ပေါက်ရန် သုံးနှစ်လုံးလုံး တစ်ရက်မပြတ် နှိုးဆော်နေခဲ့သည့် အင်္ဂလန် နိုင်ငံသူ

ထိုင်းနိုင်ငံ ခိုတောင်ကျွန်း(လိပ်ကျွန်း) တွင် ၂၀၁၄ ခုနှစ်က ကမ္ဘာလှည့် ခရီးသွား အင်္ဂလန် နိုင်ငံသား စုံတွဲနှစ်ဦးကို သတ်ဖြတ်ခဲ့မှုအတွက် သံသယ ရှိသူများအဖြစ် စွပ်စွဲခံခဲ့ရသော မြန်မာ နိုင်ငံမှ ရွေ့ပြောင်း အလုပ်သမားနှစ်ဦးဖြစ်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့နှစ်ဦးကို သေဒဏ်ချမှတ်ခဲ့ပြီးနောက် အကြိမ်ကြိမ်အယူခံဝင်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ ယခုနောက်ဆုံး အယူခံဝင်မှုကိုလည်း ၂၀၁၇ မတ်လ ၁ ရက်နေ့က ပယ်ချခဲ့ကြောင်း စိတ်မကောင်းစွာ ကြားသိခဲ့ရသည်။

အဆိုပါ လိပ်ကျွန်းလူသတ်မှုမှာ မတရားသဖြင့် စွပ်စွဲဖမ်းဆီးခံခဲ့ရသော မြန်မာနိင်ငံသားနှစ်ဦးအတွက် အားလုံးမှ စိတ်မကောင်းဖြစ်ကာ အဖက်ဖက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း အခြေအနေမှာ ထူးခြားပြောင်းလဲမှု မရှိပဲ သုံးနှစ်ဝန်းကျင်ကာလမျှပင် ရှည်ကြာလာခဲ့ပါပြီ။

သုံးနှစ်ကာလအတွင်း မြန်မာ့နိုင်ငံရေးအပြောင်းအလဲများ၊ ပြည်တွင်း ပြဿနာပေါင်းစုံများနှင့် ထိတွေ့လာပြီးတဲ့နောက် လိပ်ကျွန်းလူသတ်မှုမှာ ပရိသတ်စိတ်ဝင်စားမှု အတန်ငယ်လျော့ကျလာခဲ့ပါတယ် (စိတ်ဝင်စားစရာ ပြည်တွင်းအရေး များစွာဖြစ်ပျက်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်)။
ထိုင်းနိုင်ငံ ဘုရင်အသစ်တက်သည့် ၂၀၁၇ နှစ်ဦးပိုင်း အချိန်က အကျဉ်းကျနေသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင်လည်း သူတို့နှစ်ဦးအား ပြည်လည်လွှတ်ပေးရန် ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း လွတ်ငြိမ်းချမ်းသာခွင့်တွင် သတ်မှတ်ထားသော အချက်အလက်များနှင့် ကိုက်ညီခြင်းမရှိသဖြင့် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ထပ်မံလွဲချော်ခဲ့ရပြန်သည်။

ထိုကဲ့သို့ ပြန်လည် လွတ်မြောက်ရန် အခွင့်အလမ်းအလွန်နည်းပါးနေသည့်တိုင် ဝင်းနဲ့ဇော် မတရားစွပ်စွဲခံနေရမှုမှ ပြန်လည်လွတ်မြောက်ရန် သုံးနှစ်ဝန်းကျင်ကာလအတွင်း လူမှုကွန်ယက် ဖေ့စ်ဘွခ်စာမျက်နှာထက်မှ ယနေ့ထိ တစ်ရက်မပျက် လှုပ်ရှားနေသူတစ်ဦး ရှိနေခဲ့သည်။
ထိုသူမှာ အင်္ဂလန်နိုင်ငံသူ “ဟင်ဒီ အန်နာ” ဆိုသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် ဝင်းနဲ့ဇော် မတရားဖြင့် စတင်ဖမ်းဆီးခံခဲ့ရသည့် ၂၀၁၄ ခုနှစ်အတွင်းမှ ယနေ့ထိ သူတို့နှင့် ပက်သက်သော သတင်းများ အကြောင်းအရာများနှင့် သူမ၏ ထင်မြင်ယူဆချက်များကို လူမှုကွန်ယက်စာမျက်နှာထက်မှ နေ့စဉ်ရေးသားဖော်ပြနေခဲ့သူ တစ်ဦးလည်းဖြစ်သည်။

“အန်နာ” က သူမ၏ ဖေ့စ်ဘွခ်စာမျက်နှာ ကာဗာပုံတွင် ထိုင်းနိုင်ငံတရားရေး မျက်ကွယ်ပြုမှုအသွင်ဆောင်သည့် ပုံကိုတင်ထားခဲ့ပြီး ပရိုဖိုင်းပုံတွင်မူ ဇော်လင်း၏ ပုံကိုတင်ထားသူ တစ်ဦးဖြစ်သည်။
လိပ်ကျွန်းလူသတ်မှုတွင် အမှုမှန်ပေါ်ပေါက်စေရန် အားတက်သရောပါဝင်လှုပ်ရှားနေကြသော ထိုင်းနိုင်ငံရောက် လူငယ်အသိုင်းအဝိုင်း၏ ဖော်ပြချက်အရ “အန်နာ” မှာ လိပ်ကျွန်းအနီးရှိ ကောဖငန်ကျွန်းတွင် နေထိုင်နေသူဖြစ်ပြီး ထိုင်းမာဖီးယားများ၏ ရက်စက်ယုတ်မာမှုများကို အတွင်းကျကျ သိရှိထားသူတစ်ဦးဖြစ်ပြီး ဝင်းနှင့်ဇော်တို့မှာ အပြစ်မရှိကြောင်းလည်း သိထားသူတစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။

READ  မြန်မာနယ်စပ်မှာ တရုတ်တပ်မတော် စစ်ရေးလေ့ကျင့်
“အန်နာ”၏ ဖေ့စ်ဘွခ် ကိုယ်ရေးအချက်အလက်အရ ဆေးပညာဆိုင်ရာ တက္ကသိုဠ်တစ်ခုတွင် ပညာသင်ကြားခဲ့သော ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်မည်ဟု ခန့်မှန်းနိုင်သည်။ ဝင်းနဲ့ဇော်၏ အယူခံကို ပယ်ချခံခဲ့ရအပြီး မတ်လ ၄ ရက်နေ့တွင် ဝင်းနဲ့ဇော်တို့၏ ရုပ်ပုံနှင့်အတူ “No Justice No Peace” စာတန်းပါ တီရှပ်ကို ဝတ်ဆင်လျှက် ထိုင်းရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် တွဲလျှက် ဓါတ်ပုံရိုက်ကူးခဲ့ပြီး သူမ၏ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ရဲဝံ့စွာ ဗြောင်ကျကျ တင်ထားဖော်ပြခဲ့သူ တစ်ဦးဖြစ်သည်။

မိမိ၏ နိုင်ငံသား(အင်္ဂလန်)နှစ်ဦး ရက်စက်စွာ အသတ်ခံခဲ့ရသော်လည်း လူမျိုးစွဲ၊ ဝါဒစွဲ မထားပဲ အမှန်တရားဘက်က ရပ်တည်ကာ သုံးနှစ်တာဝန်းကျင်ကာလ ပတ်လုံး လူသတ်တရားခံအဖြစ် မတရားစွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးဘက်က မားမားမတ်မတ်ရပ်တည်နေသူ အမျိုးသမီး “အန်နာ” ၏ စိတ်ဓါတ်မှာ ချီးကျူးလေးစားစရာ ကောင်းလှပါသည်။

Photo: Heidi Anna(FB)

Credit:Popolay

No comments:

Post a Comment