Latest News

Thursday, March 9, 2017

ရာသီကုန်တွင် ကစားသမားဘ၀မှ အနားယူတော့မည်ဟု ဘိုင်ယန်ကွင်းလယ်လူ ဇာဘီအလွန်ဆို ကြေညာ

ရာသီကုန်တွင် ကစားသမားဘ၀မှ အနားယူတော့မည်ဟု ဘိုင်ယန်ကွင်းလယ်လူ ဇာဘီအလွန်ဆို ကြေညာ

ဘိုင်ယန်မြူးနစ်အသင်း၏ စပိန်ကွင်းလယ်လူ ဇာဘီအလွန်ဆိုက ယခုရာသီကုန်တွင် ကစားသမားဘ၀မှ အနားယူတော့မည်ဟု အတည်ပြုကြေညာခဲ့သည်။

အလွန်ဆိုသည် အသက်(၃၅)နှစ်ရှိပြီဖြစ်ပြီး ဆိုစီဒက်၊ လီဗာပူးလ်နှင့် ရီးယဲလ်အသင်းများတွင်လည်း ကစားခဲ့ဖူးသူဖြစ်သည်။

စပိန်လက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်း(၁၁၄)ပွဲ ကစားပေးခဲ့သည့် အလွန်ဆိုက ပုံစံကောင်းဖြင့် ဆက်ကစားနိုင်သေးသော်လည်း ခြေစွမ်းမြင့်မားနေချိန်တွင် ကစားသမားဘ၀ကို ရပ်နားလိုခြင်းကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

အလွန်ဆိုက "ကျွန်တော် ဒီဆုံးဖြတ်ချက်ကို လွယ်လွယ်ချမှတ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အချိန်ကောင်းဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်က ခြေစွမ်းလည်း မြင့်မားနေချိန်၊ အသင်းကလည်း အမြင့်ဆုံးအနေအထား ရှိနေချိန်မှာ အနားယူချင်တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာပါ" ဟု ပြောကြားခဲ့သည်။

Eleven Sport

No comments:

Post a Comment