Latest News

Wednesday, March 15, 2017

မြိတ်လေတပ် စစ်ရဟတ်ယာဉ်တစီး စက်ချို့ယွင်းမှုကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရ

မြိတ်လေတပ် စစ်ရဟတ်ယာဉ်တစီး စက်ချို့ယွင်းမှုကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရ

မြိတ်လေတပ်စခန်းက ရဟတ်ယာဉ်တစီး စက်ချို့ယွင်းတာကြောင့် စစ်တောင်းမြစ်ကမ်းနား ဘေးရှိ လယ်ကွင်းထဲကို အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

မြိတ်လေတပ်စခန်းက လေ့ကျင့်ရေး No:6410, MI2 ရဟတ်ယာဉ်တဦးဟာ မြိတ်လေတပ်စခန်းကနေ မှော်ဘီလေတပ်စခန်းသို့ ပျံသန်းလာစဉ် မတ်လ ၁၅ ရက် ၃ နာရီကျော်လောက်က ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ကုက္ကိုကျေးရွာအုပ်စု ညောင်ကားယား ကျေးရွာ ဦးဌေးဝင်း လယ်ကွက်ထဲသို့ အရေးပေါ်ဆင်းသက်ခဲ့ရတာလို့ ဆိုပါတယ်။

ရဟတ်ယာဉ် စက်ချို့ယွင်းတာကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရပေမယ့် ရဟတ်ယာဉ်ပေါ်မှာ ပါလာသူတွေနဲ့ ရဟတ်ယာဉ်မှာ ထိခိုက်ပျက်စီးမှုမရှိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

သတင်း - အောင်စိုးမိုး (ပဲခူး)

DVB

No comments:

Post a Comment