အသားရောင် ခွဲခြားမှုအပေါ် ပြောလာတဲ့ ဒါရိုက်တာ စတီးလ်
ရှုတင် မန်နေဂျာကနေ ပရိသတ်လက်ခံတဲ့ ဒါရိုက်တာ တစ်ဦး ဖြစ်လာသူ ဒါရိုက်တာ စတီးလ် က အကယ်ဒမီ ပွဲကို မတက်ဖြစ်ဘူးလို့ ဆိုပါတယ်။ အရင်ကတော့ ခိုးဆိုးလုနှိုက် ဇာတ်ကားကို အကယ်ဒမီ စာရင်းဝင်တဲ့ ကြားရတဲ့အတွက် ပျော်ရွှင်မိနေပေမယ့် နောက်ပိုင်းမှာ အကယ်ဒမီစာရင်းဝင် ဇာတ်ကားတွေထဲမှာ မပါတော့ဘူးလို့ ကြားတဲ့အတွက် စိတ်မကောင်း ဖြစ်မိတယ်လို့ သူက ဆိုပါတယ်။
ခိုးဆိုလုနှိုက်ဆိုတဲ့ နာမည်ဟာ လူ့ဘောင်လောကနဲ့ မအပ်စပ်သလို အားပေးအားမြှောက် လုပ်တာဖြစ်မှာစိုးတဲ့အတွက် အကယ်ဒမီဆန်ကာတင်ထဲမှာ မထည့်တော့ဘူးလို့လည်း ကြားမိပါတယ်လို့ သူက 7day TVမှာ ဖြေဆိုထားပါတယ်။
အဲ့လို အကယ်ဒမီစာရင်းထဲကနေ ခိုးဆိုးလုနှိုက် ဇာတ်ကားကို ပယ်တာဟာ သူ့ရဲ့ အသားရောင်ကြောင့် ပယ်တာဖြစ်တယ်လို့ သူက ယုံကြည်ထားပါတယ်။ အနုပညာဆိုတာဟာ မည်သူမဆို လွတ်လပ်စွာ ဖန်တီးခွင့်ရှိပါတယ်။ ကြည့်နေတဲ့ ပရိသတ်တွေက တော့အရောင်အသွေးမခွဲခြားသလို အနုပညာဆန်ရင် အကုန်ကြိုက်ကြပေမယ့် ရုပ်ရှင်လောကကြီးကတော့ အသားရောင် ခွဲခြား နေတုန်းပဲလို့ သူက ယင်းအင်တာဗျူးမှာ ဖြေဆိုထားပါတယ်။
ဒါရိုက်တာ စတီးလ် အနေနဲ့ကတော့ ပရိသတ်တွေ သူ့ကို အားပေးနေသ၍ အနုပညာလောကမှာ ဒါရိုက်အလုပ်ကို ဆက်လုပ်သွားမှာ ဖြစ်ပြီး ပရိသတ်တွေကသာ လက်မခံရင်တော့ သူအရင်က လုပ်ခဲ့တဲ့ ရှုတင်မန်နေဂျာအလုပ်ကိုသာ ပြန်လုပ်မယ်လို့ သူက ပြတ်ပြတ်သားသား ပြောထားပါတယ်။
စတီးဟာ ရှုတင်မန်နေဂျာ ဘဝကနေ ပရိသတ်အားပေးတဲ့ ဒါရိုက်တာ တစ်ယောက်အဖြစ်သို့ ရောက်ရှိလာပါပြီ။ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရပြီး သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေဟာလည်း ပရိသတ်အားပေးမှု ရရှိတဲ့ ဇာတ်ကားတွေသာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ပါဝါကင်း ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ချိန်ခွင်ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာ အဖြစ် ရိုက်ကူးပုံဖော်ပေးနေပါတယ်။
Source : 7Day TV
Photo : စတီးဖေ့စ်ဘွတ်
SearchMyanmar
Wednesday, March 15, 2017
အသားရောင် ခွဲခြားမှုအပေါ် ပြောလာတဲ့ ဒါရိုက်တာ စတီးလ်
အသားရောင် ခွဲခြားမှုအပေါ် ပြောလာတဲ့ ဒါရိုက်တာ စတီးလ်
Reviewed by Ar Ti
on
4:02 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment