Latest News

Tuesday, March 21, 2017

ဘီလ်ဂိတ် ကမ္ဘာအချမ်းသာဆုံးအဖြစ် ၄ နှစ် ဆက်တိုက် ရပ်တည်


Forbes ၏ ၂၀၁၇ အတွက် ကမ္ဘာ့အချမ်းသာဆုံး စာရင်းမှာ ဘီလ်ဂိတ် ကလေးနှစ်ဆက်တိုက် ထိပ်ဆုံးမှာ
ရပ်တည်နိုင်ခဲ့ပါတယ်။ ၂၀၁၇ အချမ်းသာဆုံး ဘီလီယံနာ ၂၀၄၃ ဦး အထိရှိခဲ့ပြီး မျက်နှာသစ် ဘီလီယံနာ ၂၃၃ ဦး ရှိခဲ့ပါတယ်။ ၄င်းတို့အနက် တရုတ်နိုင်ငံသားများက ၇၆ ဦးနဲ့မျက်နှာသစ် အချမ်းသာဆုံး ပုဂ္ဂိုလ်များအဖြစ် ပါဝင်မှု အများဆုံးပါဝင်ခဲ့ပါတယ်။
အချမ်းသာဆုံး ဘီလီယံနာ ၂၀၄၃ ရဲ့ စုစုပေါင်း ကြွယ်ဝမှုမှာ အမေရိကန်ဒေါ် လာ ၇ ဒသမ ၆၇ ထရီလီ
ယံအထိ ရှိခဲ့ပြီး ၂၀၁၆ ခုနှစ် အချမ်းသာဆုံး စာရင်းဝင် ပုဂ္ဂိုလ်မျာရဲ့ စုစုပေါင်း ကြွယ်ဝမှု ပမာဏ အမေရိ
ကန်ဒေါ်လာ ၆ ဒသမ ၄၈ ထရီလီယံထက် ပိုများခဲ့တယ်လို့ သိရပါတယ်။
၂၀၁၇ စာရင်းမှာ ထိုင်းစီးပွားရေး လုပ်ငန်းရှင် ၂၀ ဦးဟာ ကမ္ဘာ့အချမ်း သာဆုံး စာရင်းထဲပါဝင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာ ဘောလုံးအသင်း ပိုင်ရှင် ဗီချိုင်းက ထိုင်း၏ တတိယမြောက် အချမ်းသာဆုံး အဖြစ် ကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံနဲ့ကမ္ဘာ့အချမ်းသာဆုံး စာရင်းတွင် အဆင့် ၄၁၄ မှာရှိနေခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ ကလည်း ထိုင်းရဲ့ ၁၀ ဦးမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံဖြင့် Forbes ၏ စာရင်းတွင် အဆင့် ၁၂၃၄ နေရာမှာရှိခဲ့ပါတယ်။

Forbes မဂ္ဂဇင်းရဲ့လေးနှစ်ဆက်တိုက် အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်ခဲ့တဲ့ဘီလ်ဂိတ်မှာ Forbes က အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်း ထုတ်ပြန်မှု ၂၃ ကြိမ်တွင် ထိပ်ဆုံးမှ ၁၈ ကြိမ်အထိ ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ၄င်းမှာ ယမန်နှစ်က ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာအမေရိကန်ဒေါ်လာ ၇၅ ဘီလီယံဖြင့် ရပ်ခဲ့ပေ
မယ့်၂၀၁၇ မှာ ၈၆ ဘီလီယံနဲ့ အဆင့် ၁နေရာမှာရပ်တည်ခဲ့တာဖြစ်ပါတယ်။
ref can
ဇက်အမ်အို(တိုင်းဧရာ)ဘာသာပြန်သည်

No comments:

Post a Comment