Latest News

Tuesday, March 21, 2017

ပြည်သူကို ပြန်တောင်းပန်လိုက်တဲ့ တောင်ကိုရီယား သမ္မတဟောင်း


ရာထူးက ဖြုတ်ချခံရတဲ့ တောင်ကိုးရီးယား သမ္မတပတ်ဂွန်ဟေးဟာ လာဘ်စားမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရတဲ့အတွက် ပြည်သူတွေကို တောင်းပန်လိုက် ပါတယ်။ စစ်ဆေးမေးမြန်းမှုကို ခံယူဖို့ အစိုးရရှေ့နေရုံးကို ရောက်ရှိစဉ် သတင်းစာ ရှင်းလင်းပွဲမှာ ခုလို ပြောကြားသွားတာပါ။

ပက်ဂွန်ဟေးဟာ သူရဲ့ မိတ်ဆွေ ချိုဆွန်ဆီနဲ့ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေကနေ ငွေကြေးလိမ်လည် ရယူခဲ့တယ်လို့ အခြေခံဥပဒေတရားရုံးက ဆုံးဖြတ်ပြီးတဲ့နောက် သမ္မတရာထူး ကနေ ဖယ်ရှားလိုက်ပါတယ်။ ပက်က ပြည်သူတွေကို တောင်းပန်စကားပြောဆို ရာမှာတော့ ဘာအတွက် တောင်းပန်ရတယ်ဆိုတာကိုတော့ အသေးစိတ်ရှင်းလင်း မသွားပါဘူး။

ဒါပေမဲ့ သူ့အနေနဲ့ အစိုးရရှေ့နေတွေရဲ့စစ်ဆေးမေးမြန်းမှုကို ရိုးသားစွာ ဖြေကြားသွားမယ်လို့ ပြောပါတယ်။ တောင်ကိုးရီးယားနိုင်ငံမှာ လာဘ်စားမှုအရှုပ်တော်ပုံနဲ့ စစ်ဆေးခံရတဲ့ ပြည်သူတွေကို တောင်းပန်လေ့ ရှိကြပေမဲ့ သူတိုရဲ့ပါဝင်ပတ်သက်မှုကို ၀န်ခံတာမျိုးမရှိဘူးလို့ အေပီသတင်း မှာဖော်ပြထားပါတယ်။

တောင်ကိုရီယား သမ္မတဟောင်း ပတ်ဂွန်ဟေးရဲ့ လဘ်စားမှုအရှုပ်တော်ပုံနဲ့ ပက်သက်ပြီး ဆမ်းဆောင်း
ကုမ္ပဏီအကြီးကဲလည်း စုံစမ်းစစ်ဆေးခံနေရပါတယ်။ ပတ်ဂွန်ဟေး ရာထူးကထွက်ခဲ့တာကြောင့်တောင်
ကိုရီယားနိုင်ငံမှာ မေလ  အတွင်း  သမ္မတရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ပါတယ်။
ref can
ဇက်အမ်အို (တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment